396-----400

165 17 0
                                    

အခန်း ၃၉၆- ကောင်းကင်ကမ္ဘာမှ အကြောင်းများ။

လနန်းတော်။

ချင်းမိသားစု။

လွန်ခဲ့သော ၂ နာရီလောက်က နတ်ဆိုးကို ချိတ်ပိတ်ထားသည့်နေရာသည် နတ်ဆိုးစွမ်းအင်များဖြင့် ဖုံးလွှမ်းနေပြီး ချင်းမိသားစုမှ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

နတ်ဆိုးစွမ်းအင်များက လတစ်ဝက်ကို ဖုံးလွှမ်းသွားပြီး အချို့သော သူရဲဘောကြောင်သူများ ထွက်ပြေးသွားကြသည်။ ၎င်းတို့သည် ၎င်းတို့၏ မိသားစုများကို တယ်လီပို့ရေးစခန်းသို့ ခေါ်ဆောင်ကာ ထွက်ပြေးခဲ့ကြသည်။

သို့သော် တစ်ချို့လူများက ကျန်နေခဲ့သည်။

အချို့ သတ္တိရှိသော လူငယ်များသည် ချင်းမင်အတွက် ဆုတောင်းပေးနေကြသည်။

သူသည် ဤနတ်ဆိုးကို သုတ်သင်ပြီး ချင်းမိသားစုကို တည်ငြိမ်အောင် ထိန်းထားရမည်ဖြစ်သည်။

မွန်းတည့်အချိန်၌ ချင်းမင်တစ်ယောက်တည်း ထွက်လာသောအခါ ချင်းမိသားစုမှ အားလုံး အံ့ဩသွားကြသည်။

ချင်းမင်သည် နတ်ဆိုးစွမ်းအင်များထဲ့မှ ထွက်လာလေသည်။ သူဒဏ်ရာရထားသည်။ ဘာပဲဖြစ်ဖြစ် သူသည် နတ်ဆိုးကို သုတ်သင်လိုက်ပုံရသည်။

ချင်းမိသားစုဝင် တော်တော်များများက တုန်တုန်ယင်ယင်နဲ့ ထွက်လာကြပြီး ချင်းမင်ကို တလေးတစား ကြည့်နေကြတယ်။

"ဧကရာဇ် ချင်းမင်ကို နှုတ်ခွန်းဆက်ပါတယ်" အဘိုးအိုတစ်ယောက်က သူ့မျက်နှာတွင် မျက်ရည်များဖြင့်ပြည့်နှက်နေကာ ဒူးထောက်ချလိုက်သည်။ သူ၏ ချင်းမိသားစုသည် နောက်ဆုံးတွင် ကျောရိုးဖြောင့်သော ဧကရာဇ်တစ်ပါးရှိခဲ့လေပြီ။

ထို့ပြင် ဤရဲရင့်သောဧကရာဇ်သည် နတ်ဆိုးကိုပင် သုတ်သင်ရန်ဦးဆောင်ခဲ့သည်။

ချင်းမိသားစုဝင် အားလုံးသည် ရုတ်တရက် ဒူးထောက်ချကာ ဧကရာဇ်ချင်းမင် အတွက် ကြွေးကြော်ခဲ့ကြသည်။

ချင်းမင်က အမှန်အတိုင်း ပြောလိုက်ချင်သော်လည်း အားလုံးက သူ့ကို နတ်ဆိုး သုတ်သင်သူဟု ထင်နေသည့်အတွက် သူ့စိတ်က လုံးဝပြောင်းလဲသွားသည်။

You've reached the end of published parts.

⏰ Last updated: Jul 21 ⏰

Add this story to your Library to get notified about new parts!

စကြာ၀ဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)စကြာဝဠာဘဏ် အတွဲ - ၁ (လီရှန်တောက်)Where stories live. Discover now