Episode 1

5.2K 358 6
                                    

ဘုရားကျောင်းလေးတစ်ခုရဲ့ဘေး မြေပြင်ကျယ်လေးဆီမှာ အဝတ်တွေကိုသေသေချာချာလှန်းနေတဲ့ အသက်၁၂နှစ်အရွယ်ကောင်လေးတစ်ယောက်ရယ် သူ့ဘေးနားမှာ အင်္ကျီစကိုဆွဲပြီး တစ်ခုခုကိုဂျီကျနေသလို အသက်၁၀နှစ်အရွယ်ကလေးလေးတစ်ယောက်ရယ်

အဝေးကလှမ်းကြည့်မိသူအဖို့သူတို့နှစ်ယောက်ရဲ့မြင်ကွင်းလေးကချစ်စရာကောင်းလှပါဘိ။

"Hyung hyung Hun လဲလုပ်ချင်တယ်"

ကလေးငယ်ငယ်လေးကသူ့အကိုဖြစ်သူအဝတ်တွေလှန်းနေတာကိုကူညီပေးချင်သည့်အလျောက် ဘေးကပူဆာနေခြင်းပင်။

"Arr Hunnie မလုပ်တတ်ပါဘူး သွားဆော့နေ hyung ဘဲလုပ်မှာ"

"ဟင့်အင်း ဟင့်အင်း Hun လဲကူချင်တာပေါ့"

သူ့အားကူညီချင်သည်ဆိုပြီး လိုက်နှောင့်ယှက်နေသော ညီဖြစ်သူကိုသဘောတကျကြည့်မိတော့ လုပ်ချင်တာမလုပ်ခိုင်းလို့စိတ်ကကောက်တော့မည့်မျက်နှာဘေးနှင့် နှုတ်ခမ်းကဆူနေပြီ ဒီတစ်ဦးထဲသောညီလေးအလိုကိုသူဘယ်တုန်းကငြင်းဆန်နိုင်ခဲ့လို့လဲ

"ကဲကဲဒါဆိုလဲ ရော့ hyung ပြတာကိုသေချာကြည့်နော် အဝတ်တွေအောက်ကိုလဲမကျစေနဲ့ သေချာလဲကိုင်"

"ရေး ဒါမှChanyeol hyung ကွ"

သူ့ဆန္ဒပြည့်ဝသွားတော့ Hun ခဗျာ ပျော်လွန်းလို့ထတောင်ခုန်တယ်။

သူတို့ညီအကိုနှစ်ယောက်ဘဝကိုပြန်တွေးမိတော့ Chanyeol ရင်ထဲ Hun လေးကိုသနားစိတ်တွေသာပိုတိုးလာရတယ်။
Hun လေးမွေးပြီးပြီးချင်းဘဲOmma ကဆုံးသွားရှာတယ် သူနှစ်နှစ်လောက်ရခဲ့တဲ့ မိခင်မေတ္တာကို ညီလေးမရခဲ့ရှာဘူး နောက်သူ့အသက်၈နှစ်လောက်အရွယ် Hun လေး ၆နှစ်သားလောက်မှာ Appa ဖြစ်သူက လုပ်ငန်းခွင်ထဲမှာ မတော်တဆမှုတစ်ခုကြောင့်အသက်ဆုံးရှုံးသွားရတယ်။သူကနဲနဲသိတတ်ခါစအရွယ်ဆိုပေမယ့် Hun လေးကအရမ်းငယ်သေးတယ်မဟုတ်လား။

နောက်သူတို့ဒီဘုရားကျောင်းလေးနဲ့မိဘမဲ့ဂေဟာ ကိုရောက်ခဲ့တာ ၄ နှစ်လောက်ရှိရောပေါ့။

မိဘနဲ့တရင်းတနှီးမနေခဲ့ရတဲ့ သူတို့အတွက်ဒီညီအကိုနှစ်ယောက်ကသာ ဘဝ တစ်ခုမဟုတ်လား။
Chanyeol အခုလိုလေးပဲနေရတာကိုပျော်ပါတယ် သူ့ညီလေးနဲ့အတူရှိနေရတဲ့အတွက် သူ့ဘဝလေးကပြည့်စုံနေပါပြီ သူ့ညီလေးလိုအပ်သမျှ လိုချင်သမျှတွေကိုအတတ်နိုင်ဆုံးဖြည့်စီးပေးရင်းပေါ့။

RECTANGLEHikayelerin yaşadığı yer. Şimdi keşfedin