Episode 13

1.4K 169 10
                                    

သူတို့နှစ်ယောက်ချစ်သူဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ choco cake လေးလုပ်ပေးပါလို့ညီဖြစ်သူပူဆာတာနဲ့ တယောက်ထဲမီးဖိုချောင်ထဲအလုပ်ရှုပ်နေတာကျွန်တော် Chanyeol ကျန်တဲ့အချိန်ဆိုဒီအကိုကိုမေ့နေမလားမသိပေမယ့် ခိုင်းဖို့ဆိုရင်တော့သတိရတတ်ပါတယ် ကလေးစုတ် Oh Sehun စိတ်ထဲကသာအပြစ်ဆိုနေပေမယ့် ညီလေးဆီကအပျော်တွေကူးလို့ထင်ပါရဲ့ မျက်နှာကတော့တပြုံးပြုံးပေါ့။
ဟိုတနေ့ကကိစ္စပြီးသွားတဲ့နောက်ပိုင်း ကျွန်တော့်ကိုသိသိသာသာရှောင်နေတတ်တာ baek ပေါ့ အခုလဲကြည့်အရင်ဆိုအတန်းမတတ်ချင်တဲ့သူက စာမွဲရှိလို့အတန်းတတ်ဦးမယ်ဆိုပြီးကျန်ခဲ့ပြန်ရဲ့ သူ့အခုလိုကြီးရှောင်နေပြန်တော့အပြစ်လုပ်မိထားတဲ့ကျွန်တော်လဲအထွန့်မတတ်ရဲဘဲသူနဲ့အလိုက်အထိုက်ပဲနေမိတယ်။

"Yeol hyung"

"ရောက်ပြီလား Hun လေး Luhan hyung ရော"

"ကျွန်တော်အရင်လာခဲ့တာ Lu ကအတန်းပြီးရင် baekhyun hyung နဲ့အတူလာခဲ့မယ်တဲ့"

"အင်း အပြင်ကစောင့်နေလေ"

"hyung cake ပေါ်မှာလေ HunHan လို့ရေးပေးနော်"

"Sehun Luhan အဓိပ္ပာယ်ပေါ့လေ"

"ဟုတ်တယ်"

ပြုံးရွှင်နေတဲ့ Hunnie မျက်နှာဟာ ကျွန်တော့်ကိုပါသူ့ဆီကအပျော်တွေကူးစက်စေတယ် ဒီကလေးသိပ်ပျော်နေတာပဲ ကျွန်တော်သာ~~~

ခေါင်းထဲရောက်ချင်လာတဲ့စိတ်ရှုပ်စရာအတွေးတွေကို အမြန်မောင်းထုတ်လိုက်ရတယ် သူများပျော်နေတဲ့အချိန်လေးကို ကိုယ့်အပူတွေနဲ့ဖျက်လိုဖျက်စီးမဖြစ်စေချင်မိဘူး။

"Hun ah"

ဆိုင်ရှေ့ကLuhan hyung ရဲ့အသံလွင်လွင်လေးကိုကြားရော Hunnie တယောက်များအပြေးတပိုင်းနဲ့ထွက်သွားလေရဲ့ အရင်ကသူပြောဖူးတဲ့ Chanyeol hyung ကိုအချစ်ဆုံးဆိုတဲ့ စကားကိုမေ့နေပြီထင်ပါရဲ့။
ဒါနဲ့ baek အသံမကြားပါလား သူ့လိုအမြဲပေါက်ပေါက်ဖေါက်နေတတ်တဲ့လူကအသံတိတ်နေတော့ ကျန်တဲ့လူတွေရိပ်မိကုန်တော့မှာပဲ ကျွန်တော့်ကိုအဲ့လောက်တောင်စိတ်ဆိုးသွားတယ်ထင်တယ် သတ္တိမရှိတဲ့ကျွန်တော်လဲမချော့ရဲနဲ့ တဖြေးဖြေးနဲ့ဝေးကွာသွားပြီလား?
အတွေးတွေကိုခနရပ်ပြီး choco cake လှလှလေးကိုကိုင်ကာ ထုံးစံအတိုင်းအပြုံးတခု မျက်နှာမှာဆင်မြန်းလို့ရှေ့ထွက်ခဲ့တော့တယ်

RECTANGLEHikayelerin yaşadığı yer. Şimdi keşfedin