Episode 18

1.4K 173 16
                                    

"Hun ah hyung ကိုလိုက်မရှာပါနဲ့ Hun ကိုထားခဲ့တာမဟုတ်ပါဘူး အခုချိန်မှာ hyung ဘယ်သူနဲ့မှရင်မဆိုင်ရဲသေးလို့ပါ model အလုပ်ကိုဆက်လုပ်ပါ Hun မင်းနဲ့ model ဆိုတဲ့ဂုဏ်ပုဒ်နဲ့ကသိပ်ကိုလိုက်ဖက်လွန်းတယ် hyung သိတယ်တနေ့မှာ Hun ကဟုန်းဟုန်းတောက်အောင်မြင်လာမယ်ဆိုတာ ကြိုးစားနော် Hun ကို hyung စောင့်ကြည့်နေမှာ ပြီးတော့ အရမ်းလွမ်းနေမှာ hyung တယောက်ထဲနေနိုင်ပါ့မလားမသိပေမယ့် ဘေးနားမှာ Hun အမြဲရှိတယ်လို့တွေးပြီးနေမယ်သိလား ချစ်တယ်ကလေးရယ် hyung မင်းကိုအရမ်းချစ်တယ်
hyung ကိုအရမ်းစိတ်ပူမနေနဲ့နော် Hun စိတ်ပူရမယ့်ကိစ္စမျိုး hyung ဘယ်တော့မှမလုပ်ဘူး ကိုယ့်ကိုကိုယ်ဂရုစိုက်နော် နေမကောင်းလဲမဖြစ်စေနဲ့ တခုခုဆို Yeol နဲ့တိုင်ပင်နော် Chanyeol ကတကယ်ကိုစိတ်သဘောထားပြည့်ဝတဲ့သူတယေယက်ပါ အရာရာအတွက်ကျေးဇူးတင်ပါတယ်လို့ပြောပေးပါ
အော် ပြီးတော့ baek ကိုhyung ကတောင်းပန်ပါတယ်လို့ပြောပေးပါ baek ကအရမ်းချစ်ဖို့ကောင်းတဲ့ညီလေးတယောက်ပါလို့
Hun ah စောင့်နေပေးမယ်မှတ်လားဟင် hyung တနေ့ Hun ဆီသေချာပေါက်ပြန်လာခဲ့မယ် ယုံတယ်မှတ်လားဟင် Hun တယောက်ထဲငိုမနေနဲ့နော် အမြဲအားငယ်တတ်တဲ့ကလေးကို hyung စိတ်ပူတယ်ကွယ် ချစ်တယ်နော် အမြဲတဖွဖွပြောချင်ပေမယ့် မပြောဖြစ်ခဲ့ဘူးနော် ချစ်တယ် အရမ်းချစ်တယ်~~~~"

ရှည်လျားလွန်းတဲ့စာကိုဖတ်ပြီးတဲ့အဆုံးမှာ တင်းကြပ်လာတဲ့ခံစားချက်တွေကြောင့် မျက်ရည်သာဖြိုင်ဖြိုင်ကျမိတယ် ဟင့်အင်း ဒီမျက်ရည်တွေမကျရဘူးလေ Lu ကမငိုနဲ့လို့မှာထားတဲ့ဟာကို မျက်ရည်တွေကိုလက်နဲ့မပြတ်သုတ်နေပေမယ့် ဘာကြောင့်ဒီမျက်ရည်တွေကမကုန်ခမ်းနိုင်အောင်ပေါများနေရတာလဲ?
ရက်စက်လိုက်တာ Lu ရယ် မငိုနဲ့ဆိုပြီးဘာလို့ဒီလူကိုမျက်ရည်ကျအောင်လုပ်ရတာလဲ?
Hun နဲ့မခွဲနိုင်ဘူးဆိုပြီးဘာလို့အခုလိုထွက်ပြေးသွားရတာလဲ?ကျွန်တော့်ကိုရူးအောင်များလုပ်နေတာလားဟင်
ပြန်လာမယ်ဆိုတဲ့စကားက ဘယ်တော့ပြန်လာမှာကိုပြောတာလဲ ဘယ်အချိန်ထိကျွန်တော်စောင့်ပေးရမှာလဲ အဲ့အချိန်ထိ Lu မရှိဘဲကျွန်တော်ဘယ်လိုနေရမှာလဲ?
model ဆက်လုပ်ရမယ်ဟုတ်လား မလုပ်ပါဘူးလို့ကျွန်တော်ပြောခဲ့ပြီးပြီလေ ကျွန်တော်လိမ်တာ Lu သိနေခဲ့တယ်ဆိုလဲ ကျွန်တော့်ကိုဆူပါ အော်ပါလား အခုလိုဘာမှမပြောဘဲ ထွက်သွားရလား? နားလည်ရခက်လိုက်တာ Lu ရယ်
ဘယ်သူနဲ့မှရင်မဆိုင်ရဲဘူးဆိုတော့ ကျွန်တော်ကရော? အနည်းဆုံးတော့ ကျွန်တော်နဲ့အတူရှိနေသင့်နေတာမဟုတ်လား ထွက်သွားမယ်ဆိုရင်တောင် ကျွန်တော်နဲ့နှစ်ယောက်အတူထွက်သွားသင့်တာမဟုတ်လား ကျွန်တော်က Lu အတွက်ဘာလဲ Lu ရယ် လူကိုနဲနဲလေးတောင်မသနားဘူးနော် ကျွန်တော့်ဘက်ကို မစဉ်းစားပေးဘူးပဲ Lu ရယ်

RECTANGLEDove le storie prendono vita. Scoprilo ora