Episode 2

2.5K 285 3
                                    

"Yeol hyung ကလဲကြာလိုက်တာနော်"

ကျောင်းကပြန်ရောက်ပြီးကထဲက sister ကြီးခိုင်းလိုက်တာကြောင့်အပြင်ခနထွက်သွားတဲ့ Yeol hyung ကိုစောင့်ရင်း ပျင်းလာတာကြောင့် တစ်ယောက်ထဲရေရွတ်သလိုလိုနဲ့ ဘေးမှာစာလုပ်နေတဲ့ Lu hyung ကိုစကားစပ်မိတယ်။

ဒါပေမယ့် Lu hyung ကတော့သူ့ကိုမပြောသိအလား မသိချင်ယောင်ဆောင်နေတယ် ကိစ္စမရှိပါဘူးလေ hyung ကမသိချင်ယောင်ဆောင်နေမှတော့ Hun ကပဲသိသိသာသာစကားသွားပြောရမှာပေါ့။

"Lu hyung စာတွေလုပ်နေတာမပျင်းဘူးလားဟင်"

ဘေးနားကိုသွားထိုင်ရင်း စကားပြောနေတာတောင် hyung ကအရေးမလုပ်တာကြောင့် တဖြည်းဖြည်းဝမ်းနည်းလာသလိုလို။

"Hyung Hun ပျင်းတယ်လို့ Hun နဲ့ဆော့ရအောင် မဆော့ချင်လဲစကားတွေပြောရအောင်လေ နော်hyung"

ဒီလောက်ထိ Hun ဘက်ကပြောနေတာတောင် Lu hyung ကအမြဲအဲ့လို အဖတ်မလုပ်နေကြ။တွေးရင်းတွေးရင်းနဲ့ ပိုပြီးဝမ်းနည်းလာကာ မျက်ရည်ပူတွေကျလာမိတယ်။

"Lu hyung ကမကောင်းဘူး Yeol hyung ဆိုHun ကိုအရမ်းအလိုလိုက်တာ "

ပြောရင်းပြောရင်းပိုပိုပြီးမျက်ရည်တွေကကျလာတယ် Lu hyung အဲ့လိုဆက်ဆံရင် Hun ရင်ထဲမပြောပြတတ်အောင်ခံစားရတယ်။

"ငါမင်းအကို မဟုတ်ဘူး Sehun လာလာမရှုပ်နဲ့"

Hyung ဆီကထွက်လာတဲ့စကားလုံးကျတော့လဲ အဲ့လိုမာဆက်ဆက်နဲ့နူးညံ့မှုမရှိတဲ့စကားတွေပဲ hyung အဲ့လိုပြောတော့ ထိန်းထားတဲ့မျက်ရည်တွေကို တမင်တကာ အော်ဟစ်ပြီးငိုချလိုက်တော့တယ်။

                   ********

အလယ်တန်းကျောင်းသားဖြစ်တဲ့ကျွန်တော်စာလုပ်နေတာကို ဘေးကစကားတွေလာပြောနေတဲ့ Hun ကိုစိတ်မရှည်တော့တာနဲ့အော်မိတော့ ထိုကလေးကအော်ငိုနေရဲ့။

သူငိုအောင်လဲကျွန်တော်ဘာမှမလုပ်မိပါလား အငိုတိတ်အောင်လဲမချော့တတ်တဲ့ကျွန်တော် ရုတ်တရက်ဆိုတော့ဘာလုပ်ရမှန်းမသိ အကျပ်ရိုက်သွားတယ်။

ငိုနေတဲ့ကလေးကိုကြည့်မိတော့ သူတော်တော်ဝမ်းနည်းသွားပုံပဲ မျက်ရည်တွေတရဆက်ကျလို့ ရှိုက်ရှိုက်ပြီးငိုနေတယ် ဘယ်အချိန်အငိုတိတ်မလဲထိုင်ကြည့်ရင်း တွေးမိတာက Sehun ဆိုတဲ့ကောင်လေးက စကားအရမ်းများလွန်းတာကလွဲရင်တကယ်ချစ်ဖို့ကောင်းတဲ့ကလေးတစ်ယောက်ပါ သူ့ဆိုစကားအကောင်းမပြောတတ်တာလဲဘာအကျင့်မှန်းမသိ အလျော့ပေးရင်လဲရောင့်တတ်ဦးမယ် မှတ်လား။

RECTANGLEHikayelerin yaşadığı yer. Şimdi keşfedin