Episode 4

1.9K 195 2
                                    

"ကြာလိုက်တာ hyung ရာ"

တွေ့တွေ့ချင်းဆူအောင့်ပြီးပြောတဲ့ Hun အသံ။

"sorry ပါ Hun ရာဆရာကမထွက်နိုင်လို့ နောက်ကျနေပြီသွားကြရအောင်"

Baekhyun ရဲ့ဆိုင်လေးမှာပထမဆုံးအလုပ်စဝင်မယ့်နေ့မှာပဲနောက်ကျနေတယ် Yeol နဲ့ baek ကမစောင့်နိုင်လို့အရင်သွားနှင့်ပြီ စိတ်ရှည်သူHun ကပဲကျွန်တော်ပြီးတဲ့အထိစောင့်ပေးနေတယ်။

အလုပ်လုပ်ဖို့ အခုချိန်မှာကျွန်တော်တခါမှမစဉ်းစားမိပေမယ့် Oh Sehun ဆိုတဲ့ချာတိတ်ကြောင့် အလုပ်ဝင်မိတယ် သူပျော်နေရင်ကျွန်တော်လဲပျော်တယ် သူဖြစ်ချင်တဲ့ဆန္ဒလေးတွေတတ်နိုင်သလောက်ဖြည့်စည်းပေးချင်တယ် သူ့မျက်နှာလေးပြုံးနေရင်ပဲကျွန်တော်စိတ်ချမ်းသာရတယ် ဒါတွေအားလုံးကအကြောင်းပြချက်ရေရေရာရာမပြောတတ်ပေမယ့် ငယ်ငယ်လေးထဲကအတူတူနေလာတဲ့သံယောဇဉ်ရယ် ကျွန်တော့်ဘေးမှာမိဘတွေမရှိတော့လို့အထီးကျန်ရဆုံးဖြစ်နေတဲ့အချိန်မှာ ကျွန်တော့်အတွက်ပျော်ရွှင်မှုဆိုတာကိုပထမဆုံးဖန်ဆင်းပေးခဲ့တဲ့သူ့ကို ကျွန်တော့်ဘက်ကတန်ဖိုးထား အလေးအနက်ထားပေးတာဖြစ်ပါလိမ့်မယ်။ကျွန်တော့်ဘေးမှာ ကျွန်တော့်ဘက်မှာရပ်တည်ပေးတာ သူတယောက်ထဲရှိနေတာဖြစ်သလို သူ့ဘက်မှာလဲကျွန်တော်တယောက်ထဲပဲရပ်တည်ပေးချင်တယ် အတ္တကြီးတယ်လို့ဆိုလဲမှားဖွယ်ရာတော့မရှိပါဘူး ချွင်းချက်တခုကတော့သူ့ရဲ့Yeol hyung ပေါ့ညီအကိုအရင်းမဟုတ်တဲ့ကျွန်တော်ကသူ့အတွက်တော့ဒုတိယဆိုတဲ့နေရာမှာပဲရှိနေမှာပါ။

"ရောက်ကြပြီလား"

ကျွန်တော်နဲ့Hun အပြေးတပိုင်းနဲ့သွားလိုက်ကြတာဘယ်လိုရောက်သွားမှန်းတောင်မသိတော့ဘူး။ဆိုင်အပြင်အဆင်ကိုတချက်ကြည့်မိတော့ ကျယ်လွန်းတယ်လဲမဟုတ် ကျဉ်းလွန်းတယ်လဲမဟုတ်တဲ့အခန်းလေးက လူငယ်ဆန်စွာအပြာနုရောင်လေးသုတ်ထားတယ် အပြင်အဆင်ကိုကြည့်ပြန်ရင်လဲ ဘေးဘက်နံရံလေးတွေမှာ ရောင်စုံသစ်ခွပန်းလေးတွေချိတ်ဆွဲထားတယ် သီချင်းအေးအေးလေးတွေဖွင့်ထားပေးတဲ့ sound box လေးတွေကိုလဲခပ်မြင့်မြင့်မှာ သိသာအောင်တင်ထားပေးတယ် အားလုံးခြုံကြည့်ရရင် baekhyun ရဲ့ဆိုင်လေးက မြင်ရသူတွေအဖို့အလွန်အေးချမ်းလှတယ်။

RECTANGLEWhere stories live. Discover now