Episode 10

1.5K 180 10
                                    

"ဒေါ်လေးပြန်တော့မယ် ကလေးတို့"

သူမပြန်မယ်တော့ဆိုတော့မှကျွန်တော်တို့အပြာအယာနှုတ်ဆက်လိုက်ကြတယ် အလွမ်းသယ်နေတဲ့အဒေါ်နဲ့တူလိုက်လဲလိုက်ဖက်ပါတယ် တခြားလူတွေရေငုံနှုတ်ပိတ်ဖြစ်လောက်အောင်ကို စကားတပြောပြောနဲ့အလွမ်းသယ်ကြတာ။

အခုလဲပြန်မယ်လို့ပါးစပ်ကသာပြောတာ လူကbaekhyun hyung ကိုဖက်ထားပြီးမှာတမ်းခြွေနေတုန်း။

"baekhyun nee ဒေါ်လေးခနခနလာမယ်သိလား ကျန်းမာရေးဂရုစိုက်လိုအပ်တာရှိရင်ချက်ချင်းလှမ်းပြော နေတာကရောအဆင်ပြေတယ်မှတ်လား တခုခုဆိုဖုန်းဆက်နော်"

"စိတ်မပူပါနဲ့ဒေါ်လေးရယ် အားလုံးအဆင်ပြေတယ်"

"အင်းပါ Chanyeol နဲ့အတူနေတာဆို ဂရုစိုက်ပေးပါနော်ဒေါ်လေးတူလေးကို"

"Chanyeol ကကျွန်တော့်ကိုဒေါ်လေးလောက်နီးနီးကိုဂရုစိုက်ပါတယ်ဗျာ အချိန်လဲနောက်ကျပြီပြန်တော့နော် ဒေါ်လေး"

baekhyun hyung လဲကျွန်တော်တို့ကိုအားနာလာလို့ထင်တယ် အတင်းကိုပြန်လွှတ်တော့တယ်။သူတို့တူဝရီးကိုမြင်တော့ မိဘ မဟုတ်တာတောင် baekhyun hyung ကိုချစ်ပုံ ဂရုစိုက်ပုံတွေက မိဘမဲ့ကျွန်တော့်အတွက်အားကျဝမ်းနည်းမိတာအမှန်ပဲ။မိဘမေတ္တာဆိုတာကို လူမှန်းသိတတ်ခါစကထဲကမခံစားခဲ့ရတာမှတ်လား။စိတ်ထဲအားငယ်စိတ်တွေဖြစ်လာတော့ လူကအလိုလိုမျက်ရည်ဝဲချင်လာတယ်။

"Ar Sehunnie ဒေါ်လေးပြောတာစဉ်းစားထားဦးနော်"

ဒေါ်လေးအသံကြားမှကျွန်တော့်ရဲ့ပျက်ယွင်းနေမယ့်မျက်နှာကအမြန်ပြင်ပြီးပြုံးပြရတယ် ကျွန်တော်တောင်ဟန်ဆောင်တတ်လာပြီပဲ

"ဟုတ်ကဲ့ပါ ဒေါ်လေး"

ဒေါ်လေးပြန်သွားမှကျွန်တော်နဲ့ Lu လဲ hyung နှစ်ယောက်ကိုနှုတ်ဆက်ပြီးပြန်ခဲ့လိုက်တယ် Yeol hyung ကကျွန်တော်ဝမ်းနည်းနေတာသိလို့ထင်တယ် မပြန်ခင်ဖက်ပြီးနှုတ်ဆက်သေးတယ် နှစ်သိမ့်သလိုပခုံးကိုပုတ်လို့ပေါ့။

ကျွန်တော်ခုနက Lu လိုသုံးမိသလိုပဲ hyung ဆီကခွင့်ပြုချက်ရပြီးပြီဆိုတော့ ကျွန်တော့်စိတ်တိုင်းကျခေါ်ခွင့်ရှိသွားပြီပဲ ကျောင်းကအကြောင်းတွေပြန်တွေးမိတော့ခုနကဝမ်းနည်းစိတ်တွေပျောက်ပြီး လူကပြုံးမိပြန်တယ် အခုလဲကျွန်တော်တို့နှစ်ယောက်လက်ချင်းတွဲလို့ လမ်းလျှောက်နေကြတာမှတ်လား ချစ်သူတွေလိုမျိုးခြေလှမ်းတွေကလဲယခင်နေ့တွေနဲ့မတူနှေးကွေးလို့ ပျော်လိုက်တာLu ရယ်စိတ်ကူးထဲမှာချစ်သူတွေလို့တွေးမိရုံနဲ့

RECTANGLEWhere stories live. Discover now