Episode 16

1.4K 156 10
                                    

"စိတ်ပူလိုက်တာ baek ရယ်ဘာများဖြစ်လို့ပါလိမ့်"

baekhyun hyung ကိုလာခေါ်လိုက်ပါဆိုတဲ့စကားအပြင်တခြားဘာမှတိတိကျကျမပြောသွားတဲ့ ကျွန်တော့်ညီကြောင့် ဘာများဖြစ်ပါလိမ့်ဆိုပြီးစိတ်ပူလိုက်ရတာ လာခေါ်ခိုင်းတဲ့နေရာက SM company ဆိုတော့ Luhan hyung တောင်သတိရလိုက်သေး ဒါနဲ့ baek ကဒေါ်လေးဆီဆိုပြီးဘာလို့ဒီရောက်နေပါလိမ့်
အတွေးပေါင်းများစွာနဲ့အသည်းအသန်ထွက်လာလိုက်တာ baek ကိုစိတ်ပူလွန်းလို့ရယ်ပါ အမြဲအရိပ်တကြည့်ကြည့်နဲ့သူ့မျက်နှာတချက်အပျက်မခံနိုင်တဲ့ကျွန်တော် အခုသူတယောက်ထဲလွှတ်မိလိုက်ကာမှ ဘာတွေဖြစ်ကုန်ပါလိမ့်

"baek"

company ရှေ့မှာဆောင့်ကြောင့်ထိုင်ကာငိုနေတဲ့သူ့ကိုမြင်တော့လူကပူထူသွားတယ် ကျွန်တော်မမြင်ချင်ဆုံးကသူ့မျက်ရည်တွေပဲ
သူ့ဘေးနားထိုင်ကာခေါ်လိုက်တော့ မော့ကြည့်လာတဲ့မျက်ဝန်းမှေးမှေးတွေက ငိုထားတာဘယ်လောက်ကြာနေမှန်းမသိအောင်နီရဲနေတယ်

"ထလေ ဒီအတိုင်းထိုင်နေတာဘယ်လောက်ကြာပြီလဲ"

အခုချိန်မှာ ဘာဖြစ်လဲမေးလိုက်ရင် ပိုငိုနေမှာစိုးတာကြောင့် သူစိတ်သက်သာစေလိုငြား ကျွန်တော်မေးခွန်းမဆိုမိ
ကျွန်တော့်စကားနားထောင်စွာ သူမတ်တပ်ထရပ်လိုက်တော့ အချိန်ကြာစွာဆောင့်ကြောင့်ထိုင်ထားပုံရတဲ့သူ တချက်ယိုင်သွားတာကြောင့် အမြန်တွဲလိုက်ရတယ်

"ဘယ်လောက်အကြာကြီးဒီလိုနေနေတာလဲကွာ"

စိတ်ပူစွာကျွန်တော်ရေရွတ်မိတော့ တရှုံ့ရှုံ့ငိုနေတဲ့သူက အငိုမတိတ်ဘဲ ကျွန်တော်ဆူလိုက်တာကြောင့် ပိုငိုလာတယ်

"ဟာ မငိုနဲ့လေ ကိုယ်ဆူတာမဟုတ်ဘူး စိတ်ပူလို့ပါကွာ"

ဘာစကားမှမပြောဘဲ မျက်ရည်ပဲကျနေတဲ့သူ့ကြောင့်ကျွန်တော်ဘာလုပ်ရမှန်းမသိတောင်ဖြစ်လာတယ်

"ကိုယ်တို့အဆောင်ဘဲပြန်ရအောင်နော် baek နားလို့ရအောင်"

အဖြေမရှိတဲ့သူ့ကိုကျွန်တော်တယောက်ထဲစကားပြောရင်းအငိုတိတ်မလားချော့ရင်းနဲ့ပဲ အဆောင်ဘယ်လိုပြန်ရောက်သွားမှန်းတောင်မသိတော့ဘူး

RECTANGLEHikayelerin yaşadığı yer. Şimdi keşfedin