Episode 11

1.4K 182 10
                                    

ကျွန်တော်နဲ့Yeol ကိုတိုင်ပင်စရာရှိတယ်လို့ပြောထားတဲ့Sehun ကြောင့်canteen မှာကျွန်တော်တို့နှစ်ယောက်ဘာများပြောမလို့ပါလိမ့်ဆိုပြီး သိချင်စိတ်တဖွားဖွားနဲ့ထိုင်စောင့်နေကြတယ်။

"hyung"

"ရောက်ပြီလား Hun လေး"

"ကျွန်တော်မှာထားတာရောပါရဲ့လားhyung"

လူကခုံမှာထောင်မထိုင်ရသေးဘူး သူ့မှာထားတဲ့ Luhan hyung အတွက်စွပ်ပြုတ်ပါရဲ့လားအရင်မေးတယ် မင်းသိပ်ချစ်တတ်တာပဲနော် Hunnie

"Luhan hyung နေမကောင်းလို့လား"

သူဂရုတစိုက်အရိပ်တကြည့်ကြည့်နေတဲ့လူကကျွန်တော်မဟုတ်တဲ့အတွက်လဲစိတ်မဆိုးနိုင်ပါဘူး ညီလေးတယောက်လိုတော့သဘောထားလို့ရသေးတယ်မှတ်လား Luhan hyung ဆိုတာလဲကျွန်တော်နဲ့သူစိမ်းတွေမှမဟုတ်ဘဲ သူတို့နှစ်ယောက်အဆင်ပြေဖို့ကိုပဲကျွန်တော်မျှော်လင့်တာပါ

"ကောင်းပါတယ် baekhyun hyung ရဲ့ ညကသူအိပ်ရေးပျက်ထားလို့အားရှိအောင်"

ထိုစကားကိုပြောရင်းသူ့မျက်နှာမှာရှက်ပြုံးလေးတွေ့ရတော့ ကျွန်တော်သဘောကျစွာပြုံးမိတယ် Hunnie တောင်အချစ်စစ်ဆိုတာဘာလဲသိနေပြီပဲ

"Hunnie တို့များသူ့hyung အတွက်ဆိုလိုလေသေးမရှိဘဲနော်"

ကျွန်တော်စနောက်သလိုပြောလိုက်တော့ သူမျက်နှာအောက်ချပြီးအတော်ရှက်သွားပုံပဲ Hunnie ဟာလေကျွန်တော်တို့ရှေ့မှာရှက်စရာကြလို့ ကျွန်တော်ပဲသူ့ကိုပြောပြခဲ့တာမဟုတ်တဲ့အတိုင်း

"ဟုတ်ပါ့ သူ့မှာအကိုအရင်းတယောက်လုံးရှိတာကိုတောင်မေ့နေသလားပဲ"

Chanyeol ကပါဝင်စတော့ စွာတေးလန်စွာနဲ့မဟုတ်ပါဘူးငြင်းသေးတယ်

"ဒါနဲ့ hyung တို့နဲ့ဘာတိုင်ပင်မလို့လဲ"

"ဟိုလေ အဲဒါက "

သူ့စကားနဲ့သူတိုင်ပတ်နေတဲ့သူ့ကိုစိတ်မရှည်စွာ

"ဒီနေ့ပြောဖြစ်မှာလား Hunnie"

အဲ့တော့မှထိုကလေးက ချောင်းဟန့်ကာတည်တည်ငြိမ်ငြိမ်နဲ့ပြောတော့တယ်

RECTANGLEWhere stories live. Discover now