FINAL

2.6K 230 24
                                    

"Yeollie ah ခေါက်ဆွဲအေးစားချင်တယ်"

ချွဲချွဲနွဲ့နွဲ့နဲ့ baek တယောက်ဘေးမှာ puppy လေးလို ပွတ်သီးပွတ်သက် လာလုပ်နေတယ်

"ခေါက်ဆွဲအေးလို့"

"အင်းပါ baek ရယ် ဒါလေးပြီးအောင်လုပ်ဦးမယ်လေ"

Hunnie ကလဲ သူ့အစီအစဉ်နဲ့သူ ဒီတခေါက်လဲ chococake ဆိုပြီးလုပ်ထားခိုင်းပြန်တာကြောင့် မီးဖိုချောင်ထဲကျွန်တော်အလုပ်ရှုပ်နေတာကို အလိုက်မသိတဲ့ puppy လေးကလာရှုပ်နေပြန်တယ်
Lunhan hyung ပြန်ရောက်လာတာကိုကျွန်တော်တို့လဲသိပြီးပြီ baek နဲ့လဲပြောစရာရှိတာတွေပြောပြီးကြပြီဆိုတော့ မဆုံတာကြာတဲ့လေးယောက် ပျော်ပျော်ပါးပါးဆုံရအောင်ဒီနေ့စီစဉ်ထားကြတယ်လေ

"မရဘူး အခုစားချင်တာ အခုလုပ်ပေးပါဆို"

စိတ်ကောက်ပြန်တော့မယ်ဆိုတာ အသံခပ်စောင့်စောင့်လေးကြားလိုက်တာနဲ့တန်းသိလိုက်ပြီ အရင်ထဲက baek က ချွဲတတ် ပူဆာတတ် အီညှောင့်အိညှောင့်လုပ်တတ်တာကို သိပေမယ့် အခုမှ ကျွန်တော်သူ့ဒဏ်တွေတကယ်ခံရတယ် ကိုယ်ကအလိုလိုက်ထားမိတော့လဲ သူကပိုဆိုးတာပေါ့လေ မတတ်နိုင်ဘူးလေ ကျွန်တော်ကပိုချစ်တော့လဲ သူလုပ်သမျှခွင့်လွှတ်နေရတာပေါ့

"အင်းအင်း ကိုယ်အခုလုပ်ပေးမယ်နော်"

အဲ့တော့မှ puppy တကောင်ရဲ့မူပိုင် ငါးခူပြုံးလေး အဲလေ ချစ်စဖွယ်အပြုံးလေးကိုပြန်မြင်ရတော့တယ် ခေါက်ဆွဲအေးဆိုမှ ကျွန်တော်သူ့ကိုဖွင့်ပြောမိသလိုဖြစ်သွားတဲ့နေ့ကို သတိရမိသေးတယ် အရာအားလုံးကိုအသေးစိတ်မှတ်မိနေသေးတဲ့ ကိုယ့်ဦးနှောက်ကို အံ့သြစွာ ကျွန်တော်တချက်ပြုံးမိတယ်

"ဘာတွေပြုံးနေတာလဲ"

"အော် အရင်တခေါက်က ကိုယ်ခေါက်ဆွဲအေးလုပ်ပေးဖူးတာကိုသတိရသွားလို့ပါ "

ကျွန်တော့်စကားကြားတော့ baek မျက်နှာလေးနဲနဲညှိုးသွားတယ်

"mian ငါအဲ့တုန်းက"

သူကျွန်တော့်ကိုအားနာသွားပြီထင်တယ် baek ကိုအမြဲရီမောနေစေချင်တယ်ဆိုမှ ဒီပါးစပ်ကတော့လေ

"ကိုယ်ကဒီအတိုင်းပြောလိုက်တာပါ baek ရဲ့ အဲ့တုန်းက baek သိပ် မစားဘူးလို့ပြောချင်တာ"

RECTANGLEWhere stories live. Discover now