Episode 14

1.5K 172 8
                                    

Ring Ring

အချိန်မှန်လာနေကြ ချစ်သူဆီကဖုန်းလေးကြောင့် မျက်နှာကအလိုလိုပြုံးမိသွားတယ် သူအားသည်ဖြစ်စေ မအားသည်ဖြစ်စေ နေ့ခင်းတခါတော့ ဆက်ဖြစ်အောင်ဆက်လေ့ရှိတဲ့ Hun ရယ်ပါ

"အင်း Hun ah"

"နေ့လည်စာ စားပြီးပြီလား Lu"

"ခနေနေ စားတော့မှာပါခင်ဗျ "

"Ha ha "

ကျွန်တော်အလုပ်ဝင်နေတာအခု တနှစ်နီးပါးရှိပြီဖြစ်သလို Hun လဲ model လောကထဲဝင်တာ တနှစ်ရှိပြီပေါ့ ဒီတနှစ်အတွင်းမှာကို Hun ကဟုန်းဟုန်းတောက်အောင်မြင်နေပြီလို့ပြောမရသေးပေမယ့် သူ့နာမည်တလုံးနဲ့တော့ အနုပညာလောကထဲမှာ ခိုင်ခိုင်မာမာရပ်တည်နိုင်နေပြီဖြစ်သလို Oh Sehun က ideal type ပါလို့ပြောလာကြတဲ့ မိန်းကလေးတွေ တချို့ယောကျာ်လေးတွေအထိပါ သဘောကျနှစ်ခြိုက်ကြတဲ့ နာမည်ကြီးတယောက်ဖြစ်နေပြီလေ။
ကျွန်တော်လဲ ကျွန်တော့်ရည်မှန်းချက်ဖြစ်တဲ့ ဒီSM company မှာအလုပ်ရနေပြီဖြစ်နေသလို ကျွန်တော့်ဘက်ကအမြဲရပ်တည်ပေးတဲ့ ကျွန်တော့်မိသားစုအကြောင်းအကုန်သိနေတဲ့ အထူးသဖြင့်ကျွန်တော်ငယ်ငယ် မိဘတွေဆုံးတဲ့အချိန်မှာအဖြစ်မှန်တွေပြောပြပေးခဲ့တဲ့ Kim Arjushii ရဲ့အကူအညီနဲ့ Xiao Luhan ဆိုတဲ့နာမည်ကိုသူဌေးနားမပေါက်ကြားစေဘဲ ကျွန်တော့်စိတ်တိုင်းကျ စာရင်းဌာန မှာအလုပ်ဝင်ပြီး ဒီ company ရဲ့အတွင်းကျကျ ငွေလိမ်ထားတာ အခွန်ရှောင်ထားတာ တွေကို စီနီယာ noona တွေဆီကနေနဲနဲအစ်ရုံနဲ့အကုန်သိနေရပြီလေ ကျွန်တော့်လက်ထဲမှာလဲအဲ့စာရင်းတွေအကုန်ရှိနေပြီဆိုပါတော့။

"Hun ရော shooting ပြီးပြီလား နေ့လည်စာရော"

"ဟင့်အင်း"

ပြန်ဖြေတဲ့ချစ်သူအသံက သေချာနားထောင်ကြည့်မှပင်ပန်းနေသလို

"အခု ၁ နာရီတောင်ကျော်နေပြီလေ shooting ကမပြီးသေးဘူးလား ဒေါ်လေးကလဲကွာ Hun ကိုဂရုမစိုက်ဘူး"

ကလေးကိုပင်ပန်းအောင် ခိုင်းနေတဲ့ဒေါ်လေးကိုအပြစ်ဆိုမိတယ် အစကပြောတော့ပေါ့ပေါ့ပါးပါးပါဆိုပြီးတော့

RECTANGLEDove le storie prendono vita. Scoprilo ora