သူ=Virus

48K 1.6K 38
                                    

(Unicode)

ဖန်တစ်ရာတေ အကဲစမ်းပွဲများတွင်
အနိုင်ရခြင်းတချို့ကို မိုက်ရူးရဲဆန်ဆန်
ကျွန်တော် နှစ်ခြိုက်၏။ အားလုံးမေးငေါ့ထိုး
ပေမဲ့ ဘာဂရုစိုက်စရာလိုမလဲ။ ကွယ်ရာမှာ
မျက်နှာမဲ့တတ်ပေမဲ့ ကျက်သရေကင်းတဲ့
အပြုံးတုတွေနဲ့ ဖုံးဖိထားတတ်ကြတာမို့။

လူတွေအကုန်လုံး ဒီဇာတ်ရှုပ်ထဲ နေသားတကျ
ရင်းနှီးနေပြီးသားကို ဘာမဟုတ်တဲ့ ရိုးသားခြင်း
တွေနဲ့ ကူဖို့လိုလို့လား။ သူတို့်အတိုင်း တုန့်ပြန်
ဆက်ဆံတော့ ဆိုးဝါးလိုက်တာ ဆိုတဲ့
အမြင်ကွယ် တွတ်ထိုးခြင်းတွေ။

ရွံ့တယ် ...အဲ့လို လူတွေကို။
ကြောက်တယ်...ဖက်လှဲတကင်းနဲ့ နောက်ကျော ဓားထိုးမဲ့လက်တွေကို။

အပြောရိုင်းရိုင်းပေမဲ့ ညစ်ထပ်နေတဲ့
အလိမ်အညာစကားလှတွေနဲ့ စာရင်
အပုံကြီးသာတဲ့ဟာ....ကျွန်တော့် ဆိုးသွမ်း
မှု့ဟာ ဂုဏ်ပြုမခံထိုက်ဘူးလားလို့ ရူးကြောင်
ကြောင်တွေးမိရဲ့။

နံရံဆေးမှုတ်ချက်တွေမှာ ရှုပ်ယှက်ခတ်နေတဲ့
ဒီဇိုင်းတို့ကို ကျွန်တော် စိုက်ကြည့်နေမိတယ်။
စိုစိစိဆံပင်ဖျားဆီမှ ဆေးစက်တွေ နဖူးပေါ်
ကျလာတော့ ဒေါသက ထောင်းခနဲ။

ခေါင်းစောင်းကာ လည်ပြန်ကြည့်ရင်း
ဆံပင်ဆိုးပေးနေတဲ့ Feng ရဲ့ပါးကို ခပ်ဆတ်ဆတ်ရိုက်ပစ်ကာ...,,,,

" ကျစ် §သုံးမကျလိုက်တာ ပြန်သုတ်ပေး "

ရယ်ကျဲကျဲရုပ်နဲ့ သူက စိတ်ဆိုးဟန်ပင်မပေါ်။
တမင်သက်သက်ကို ဆေးတွေ ထပ်လောင်း
ချသေး။ သူ့ဗိုက်တည့်တည့်ကို တံတောင်နဲ့
အားကုန်ထိုးပစ်တော့ တအားအားအော်ရင်း
လူးလှိမ့်နေ၍ ကျွန်တော် ညစ်ကျယ်ကျယ်
အော်ရီမိတယ်။

ခေါင်းကို လက်နဲ့ကိုင်ကာ ယူကြည့်တော့
အရောင်စုံ ရေခဲသုတ်အတိုင်း ဆေးတွေ
အကွက်လိုက်ကြောင့် နံရံကို ဆောင့်ကန်
ပစ်မိသည်။

" မင်းကို ငါသတ်မိတော့မယ်
သူဌေးကြီးမြင်ရင် ဆန်ပြုတ်တောင်
ငါ သောက်နိုင်မှာ မဟုတ်ဘူး "

" ဒီအရောင်လည်း မဆိုးပါဘူး "

မရင်းနှီးတဲ့ စကားသံကြောင့် ပြောတဲ့သူကို
မျက်မှောင်ကြုတ်ကာ ကျွန်တော် ကြည့်မိ
တယ်။မျက်ခမ်းစပ်တွေက eyelinerကြောင့်
ထူထဲ နက်မှောင်နေပြီး၊ကျွန်တော့်ထက်တောင်
များမည်ထင်ရသော နားပေါက်တွေမှာ
ငွေရောင် နားကွင်းတွေ အထပ်လိုက်။
ဟိုနားတစ်ကွက် ဒီနားတစ်ကွက် ဖြဲထား
သော ဂျင်းဘောင်းဘီနဲ့ တွန့်ကောက်နေတဲ့
ဆံပင်ပွပွရှိသော သူ့သွင်ပြင်သည်
လူလိမ္မာတစ်ယောက်တော့ မဟုတ်တန်ရာ။

Virus of Love [Completed]Where stories live. Discover now