ပေဠဟိ Virus

5.3K 592 57
                                    

(Unicode)

ရေပွက်သာသာကာလတစ်ခု၌ ဖြစ်တည်ခဲ့သော
ချစ်ခြင်းသည် အဘယ်မျှလောက်အထိ
တည်တံ့နေနိုင်ပါသနည်း။ အကုန်အစင်ပြော
ရပါမူ ၊ ကျွန်တော့်ဝိညာဉ်ကုန်သည့်တိုင်၊
ကျွန်တော် မသိသောဘဝများစွာ၌လည်း
ထိုလူသားကိုသာ ကျွန်တော်မြတ်နိုးချစ်ခင်
နေဦးမည်ပင်။

အကွာအဝေးတွေ အရေးမပါကြောင်းကို
ကျွန်တော့်နှလုံးသားက အခိုင်အမာပြောသည်။
နေ့စဉ်ရက်ဆက် ၊ စက္ကန့်မလပ် ၊ ထပ်ခါထပ်ခါ။
ကျွန်တော်သူ့ကို လွမ်းကြောင်း။

ကျွန်တော် Jeon Jung Kook ကို လွမ်းသည်။
လွမ်းလွန်းလို့ အော်ဟစ်ပြီးငိုပစ်လိုက်ချင်သည်။
သို့သော် ကျွန်တော် ခိုလှုံရန်ရဲသော ရင်ငွေ့နွေးနွေး
သည်ကား သူသာလျှင်ဖြစ်သည်မို့။

ငရဲဒုက္ခသည် ပထဝီမြေထု၏အောက် မိုင်များစွာ၌
တည်ရှိပါသည်ဆိုသော စကားတို့အား
ကျွန်တော် ယုံမှားခဲ့ရတော့၏။

သူ့ကောင်းကင်ကိုလက်ပြ၍ ကြွေခဲ့ရသော
ကြယ်သည်ကျွန်တော်ဖြစ်သည်ဆိုပါလျှင်၊
ကျွန်တော့်ကောင်းကင်သည်လည်း ပြိုခဲ့ရပါသည်။

* ကိုယ့်ကောင်းကင်မှာတော့ Kim Taehyung
ဆိုတဲ့ ကြယ်လေးက ဘယ်တော့မှ မကြွေဘူး *

ကျွန်တော်၏ မျက်ရည်တစ်စက်သည် စာရွက်
ပေါ်သို့ပေါက်ခနဲ။ ဘာပဲဖြစ်ဖြစ် တန်ပါရဲ့လေ။
သူ ရှိနေသေးတယ်ဆိုတဲ့အသိလေးနဲ့တင်
မပျော်သော်လည်း၊ ဘဝကအလိုလို အဓိပ္ပါယ်ရှိနေပြီပဲ။

" ဟဲလို Hyung ပြော "

ဒီနှစ်စအတွင်း Hyung အရင်ဆုံး ဖုန်းခေါ်ဖူးခြင်း
ဖြစ်သည်။ ကျွန်တော်ပျော်နေသည်လို့ Hyung
ထင်စေရန် ခပ်သွက်သွက်နဲ့ကျယ်ကျယ်လေး
တုန့်ပြန်လိုက်မိသည်။

"ထူးထူးဆန်းဆန်းဖုန်းတွေ၊ဘာတွေ
စဆက်လို့ပါလား ? ကလေးရော နေကောင်း
ရဲ့လား?"

" ကောင်းပါ့ကွာ။မင်းတူ ဆော့ချက်ကတော့
စံပဲ။ ခေါင်းကလည်းမာသလားမမေးနဲ့။
မင်းနဲ့တစ်ပုံစံတည်း။တကယ့်ကောင် ။
ဒါနဲ့ ရှေ့တစ်ပတ် ငါ ဂျပန်ကိုလာမယ်။
ကြာကြာနေဖြစ်မှာမို့ မင်း လာချင်လာလည်လို့
ရအောင် ဖုန်းဆက်တာ"

Virus of Love [Completed]Where stories live. Discover now