စစ္ခင္း Virus

6.3K 645 69
                                    

(Unicode)

Taehyung အမည်တွင်သော ကျွန်တော်၏
ကျပ်မပြည့်လေးအား တစ်ယောက်တည်း
ထားခဲ့ရသည့်အတွက် ရတက်မအေး။
မတော် ..... ရန်ဖြစ်ချင်တယ်ဆိုပြီး အပြင်ထွက်ကာ ဗလပြလေမှ ။ အပူအပင်ကင်းကင်း ကျွန်တော့်
ဘဝကြီးမှာ ဤမီးခဲလေးတစ်လုံးကိုတော့
အသူရာနေမင်းကြီးက ချီးမြှင့်ထားဟန်တူပါသည် ။

ကျွန်တော် မချည်ပါသော်လည်း တင်းနှင့်နေပြီ
ဖြစ်သော သံယောဇဉ်များဖြင့် ၊ ကျွန်တော်
မတပါသော်လည်း လွမ်းနှင့်နေပြီဖြစ်သော
အကွာအဝေးများဖြင့် ၊ ကျွန်တော် မရဲပါသော်လည်း
သူ ပေးနှင့်ပြီဖြစ်သော ချစ်ခြင်းအားဖြင့်၊
ကျွန်တော့် ဝိညာဉ်တစ်စုံက သူ့ခြေရင်း၌သာ
ပျံဝဲ၍ ၊ ဦးကပ်ရစမြဲ ။ ဘာသာတရားမဲ့သော
ကျွန်တော့်ထံ၌ သူသည်သာ ကိုးစားအပ်နှင်းရာ။

ကောင်းသောည ဟူ၍ ကျွန်တော် ဆန္ဒပြုမိသည်။
သူက အိပ်စက်ခြင်းနှင့်အံချော်နေသူမို့ ...
ဘယ်လိုအကွက်တွေသုံးကာ မျက်လုံးမှိတ်မည်နည်း။

စိတ်က ပိုပူလာသည်။

" Jungkook ရေ ... နင်..ငါ့ကိုရော ရှိတယ်
ထင်သေးရဲ့လား "

Eun Hee လက်ထဲမှ ခရီးဆောင်အိတ်မှန်သမျှ
ကျွန်တော် လက်လွှဲယူလိုက်သည် ။

" ကျစ် နင်တို့မိန်းကလေးတွေအကုန်
ခိုနဲ့ဆိတ် အမျိုးစပ်ပြီး ထွက်လာသလား?"

" အမယ်လေးနော်။သူကပဲပြောရတယ်ရှိသေး။
နင့်ဟာကြီးကရော...ဘာထူးလဲ?
သူ့ဟာကြီးနဲ့တော့ ပါးစပ်ပိတ်နေတယ်။
နေရာတကာ ဆရာကြီးအထာနဲ့ ..၊
ကလေးကိုကယ်ထားတဲ့သူမို့
ဘာမှမပြောချင်လို့ ...ဟွန်းးးး "

" အပြောအဆို မတတ်ပေမယ့် ချစ်ဖို့တော့
ကောင်းပါတယ် ။ ဘယ်သူ့မှ လူမထင်သလို
ရုပ်လေးနဲ့ အဆင်ပြေသလိုနေနေတာပါ။
ငါလည်း တစ်ခါတစ်ခါတော့
ကိုင်ပေါက်ချင်မိသား.. အဟက် "

Eun Hee က ကျွန်တော့်ပုခုံးကို အသာထုပြီး
ရယ်သည် ။ ကားဂိတ်နှင့် တဖြည်းဖြည်းနီးလာ
တော့ လူအတန်အသင့်တွေ့လာရသည် ။
ကလေးအား အပြင်လူ အတွေ့မခံသော
ကုသမှု့အခြေအနေမှာ မွေးရပ်မြေကို
သူမ ပြန်မလို့ဖြစ်သည် ။ ကလေးအတွက်
Eun Hee က အပင်ပန်းရဆုံးလူမို့
အနားယူဖို့ သင့်ပါသည်လေ ။

Virus of Love [Completed]Where stories live. Discover now