ဆုလာဒ္ Virus

5.8K 597 113
                                    

(Unicode)

အခန်းတံခါးကို ကျွန်တော် ဝုန်းခနဲဖွင့်မိသွားတော့
စိမ်းဖန့်လွန်းသော မျက်လုံးတစ်စုံက စူးစူးရဲရဲ
ပြန်လည်စိုက်ကြည့်လာခဲ့သည်။

" သူ ဌေး ကြီး .. ကျွ န် တော်...  "

အာခံခဲ့သမျှပါးစပ်တွေက ယခုအချိန်မှာတော့
စေးကပ်လွန်းနေခဲ့သည်ထင်။ ကိုယ့်ကိုယ်ကိုယ်
အပြစ်တင်စိတ်တွေနဲ့ ကျွန်တော့်တစ်ကိုယ်လုံး
သိမ်ဝင်လာခဲ့သည်။ မေမေတို့အား စွန့်ခွာမည့်
ခရီးစဉ်ကို သူဌေးကြီးသိသွားကြောင်း ကျွန်တော့်
အတွင်းရေးမှူးက အစီရင်ခံပြီးဖြစ်သည်။ ထို
သတင်းကြောင့်ပဲ မေမေနှလုံးဖောက်ကာ ဆေးရုံ
တင်ထားရသည်ဟုသိခဲ့ချိန်မှာ ကျွန်တော့်လက်ကို
Jungkookကလွှတ်ပေးခဲ့သည် ။ ပြန်လာမယ်
မဟုတ်လား...ဒါဆိုသွား ....ဟူသော သူ၏
စကားလျလျ။သို့သော်... တည်ငြိမ်စွာပေးလာသော
သူ့အကြည့်များကမူ ကျွန်တော့်နောက်ဆံတင်းမှု့
ဟူသောကြိုးတို့အား တိခနဲဖြတ်ချလာခဲ့သည်။

သူက ကျွန်တော်သူ့ထံသို့ ပြန်လာလိမ့်မည်ဟု
တထစ်ချယုံမှတ်ထားပုံရသည်။ထိုယုံကြည်မှု့
များက ကျွန်တော်၏ပွေလီရှုပ်ထွေးနေသောစိတ်
တို့အား သက်သာရာရစေခဲ့ပြန်၏။

ထို့ကြောင့် ကျွန်တော်လုပ်ရန်ကျန်နေသော
တစ်ခုမှာ မေမေ့အား ခွင့်တောင်းခြင်းသာလျှင်။

ပိုက်ကြိုးအသွယ်သွယ်ယှက်လျက် အသက်ဆက်
နေရသော မေမေ့အဖြစ်က Hyung၏မေ့မြော
နေခဲ့သောသက္ကရာဇ်တို့ကို ပြန်လည်အမှတ်ရလာ
စေခဲ့သည်။ ဒီလိုနဲ့ပဲပြန်မနိုးလာမှာတော့
မဟုတ်နိုင်ကောင်းပါရဲ့။

" ဘာကိစ္စရှိလို့လာသလဲ ? "

သူဌေးကြီးသည် မေမေ့လက်ဖျားများကို
ဆုပ်ကိုင်ထားရာမှ ကျွန်တော့်အားတဖန်
ပြန်ကြည့်ရင်းမေးလာခဲ့သည်။

သူဌေးကြီး၏ပြုံးတုံ့တုံ့နှုတ်ခမ်းတွေက
အပြစ်မှန်သမျှ ကျွန်တော်ထံ တိုးဝှေ့ချဉ်းကပ်
လာသလိုခံစားရစေပြန်သည်။

" မေမေနဲ့တွေ့ချင်လို့ "

" အခုပဲတွေ့ပြီးပြီမလား။ရပြီလေ...ပြန်တော့"

Virus of Love [Completed]Where stories live. Discover now