အဆိုးခံVirus

7.6K 706 78
                                    

(Unicode)

ဟိတ်ကြီးဟန်ကြီး ခပ်နိုင်နိုင် လူကုံတန်
စားဖွယ်ရာဆိုင်က တိတ်ဆိတ်လွန်းလှတယ် ။

နံပါတ်စဉ်နဲ့ စားပွဲဝိုင်းများကို ကျွန်တော်
မျက်လုံး နည်းနည်း ကစားလိုက်တော့

21 ဆိုတဲ့ နံပါတ် ။

ဒါ သူမ ထိုင်နေတယ်ဆိုတဲ့ စားပွဲဝိုင်းရဲ့နံပါတ်။

ကိုယ်ကျပ်ဝတ်စုံ ရဲရဲတောက်ကြောင့်
ကျွန်တော်  မျက်လုံးပွတ်မိတယ် ။

မှားပြီးများ ကျွန်တော် မှတ်လေမိသလားလို့ ။
ခရမ်းဆီရောင် lip gloss ထူထူနဲ့ ပိုက်တံနားမှာ ဝေ့ဝဲနေတဲ့ သူမရဲ့ ဆံပင်ကောက်ကောက်တွေ။

မှန်ပြတင်းဘက်ကို ငေးကြူ နေတဲ့ ဘေး
တစ်စောင်းပုံနဲ့ ဓာတ်ပုံထဲမှ သူမပုံ ၊
လုံးလုံးကို မတူရေးချမတူ ။

ဝင်သွားပြီး ပေါ့ပေါ့ပါးပါးနှုတ်ဆက်လိုက်
ရင်ကောင်းမည်လား ..?ဒါမှမဟုတ်
သူဌေးကြီးထံ  အပြေးပြန်ပြီး လူချိန်း
လိုက်သည်လားဟု မေးရကောင်းမည်လား ...?

ကျွန်တော် ဒွိဟ ပွားနေမိစဉ်မှာ ....,,,,

" b ... a ... b e ..."

ူဦးထုပ် ခပ်ငိုက်ငိုက်အောက်ရှိ  ခဲညိုရောင်
မျက်ဝန်းများက ကျွန်တော့်အပေါ် စီးမိုး၍ ။
ပြတ်ပြတ်ထင်ထင်မြင်ရချိန်မှာ ကျွန်တော့်
ခေါင်း၌ ဒိုင်းခနဲ ။

" ဘာလာလုပ်တာလဲ "

သူ့လက်ကို ဖိကိုင်ဆွဲရင်း  ခပ်လှမ်းလှမ်း
နေရာအထိ ဆွဲခေါ်လာလိုက်တယ်။

" ကိုယ် မနှောင့်ယှက်ပါဘူး "

စကားက လှသော်လည်း  သရော်ဟန်
ယှက်နွယ်နေသည့် သူ့နှုတ်ခမ်းပါးများက
ကျွန်တော့် သစ္စာကို စော်ကားလိုက်ခြင်း ။

" မင်း ...ငါ့ကို မယုံရင် အခုဖြတ်လိုက်လို့ရတယ်"

သူ့ ပုခုံးတစ်စုံယိမ်းယိုင်သွားလေသလား?
ဒါပေမဲ့.....၊
မျက်နှာက လိုတာထက်ပိုတည်သွားတယ်။

ကျွန်တော်ရဲ့ ဘယ်လိုမျိုးသော တုံ့ပြန်မှု့တွေကို
မဆို ၊ အေးဆေးသည့် မျက်နှာပေးနဲ့ တည်
ငြိမ်စွာရှိနေတတ်သော သူ့ရုပ်လွှာ ၊ သည်
အစဉ်အလာကို အဘယ့်ကြောင့်များ
ကျွန်တော် ချိုးဖောက်ပစ်ချင်ရပါသနည်း ။
သူ အမြစ်လှန်ပစ်လိုက်လေသော ကျွန်တော်၏
သစ္စာဇစ်မြစ်အား ကာကွယ်လိုမှု့ လွန်ကဲ
သွားသည်ထင်ပါ၏။

Virus of Love [Completed]Where stories live. Discover now