ညVirus

10.5K 864 28
                                    

(Unicode)

ရဲစွေးသော ရင်အုံကို ဖိရင်း တအိအိလဲပြို
သွားသော သူမ။ဟစွေးသော နှုတ်ခမ်းတို့
သည် တစ်စုံတစ်ရာပြောဖို့ အားယူနေရပုံ။
အနှီလူသားတို့၏ မျက်နှာသေသေတွင်
သနားခြင်း အလျဉ်းမရှိ။

မှိုစွဲသောနံရံသည် သွေးအရသာကိုအနံ့ခံလျက်။
ပြုံးယောင်သန်းသန်း နှုတ်ခမ်းများသည်
အစွယ်မပါသည့်လူ့တိရစ္ဆာန်များလို တာဝန်အရ ကျေနပ်ရိပ်ပြီးစဉ်။

" အား!!!!!!! "

မြင်ကွင်းသည် သွေးပျက်စရာ။ ဒဏ်ရာဗလွနဲ့
Hyungအား သေနတ်ကိုယ်စီပါသော လူတစ်ချို့
က သယ်ဆောင်သွားကြ၏။ တည်နေရာကား
အနက်ရောင်ကားတစ်စီးဆီ။

တရွေ့ရွေ့ချလိုက်သော ကားမှန်ကို
ရင်တထိတ်ထိတ်နဲ့ ကြည့်နေရသော ကျွန်တော်။

အဖြစ်အပျက်က အိမ်မက်ဆန်လွန်းပေမဲ့
ကျွန်တော် သတိမလွတ်ခဲ့။

Hyungကို ထိုကားပေါ်တင်အပြီးမှာပင်
ကားမှန်သည် လုံးဝပျောက်ကွယ်သွားပြီး..,,,

" ဖေဖေ !!!!!!! "

ဖေဖေသည် ကျွန်တော် မသိသော သက်ပြင်း
မျိုးနဲ့ မျက်နှာပျက်ယွင်းလျက်။

" Yoongi Hyung !!!!!!!! "

တစ်ပါဒမျှသော စကားတို့ ဆွံ့အကုန်ပြီး
ထိုနာမည်များကိုသာ သွေးပျက်စွာ
အကြိမ်ကြိမ်အခါခါ အော်ခေါ်နေမိသည်။
အသက်မဲ့ကား သည် မောင်းထွက်သွားချေပြီ။

ကျွန်တော့်ကိုပါ ဖမ်းချုပ်ရန် ပြေးလာသော
ဖေဖေ့လူ လေးငါးယောက်။

အံ့သြခြင်းကို ကျွန်တော် သတ်သည်။
ကြွလှမ်းလိုက်သော ခြေတစ်စုံမှာ
အသိကပ်ပြီး သွေးများနဲ့လဲနေ
သော သူမဆီ ပြေးရန်ကြိုးစားမိသည်။

ကျွန်တော့်ကားသည် သူမအနီးအနားတွင်မို့။

" မိအောင်ဖမ်း မလွတ်စေနဲ့ "

ကျွန်တော် မြန်နိုင်သမျှ မြန်အောင်ပြေးတော့
သူမဘေးနားသို့ ရောက်ရှိသွားသည်။

ခပ်မို့မို့ဖောင်းနေသော သူမ၏ ဗိုက်သားစူစူ။
ရင်ဘတ်မှ သွေးတွေသည် မြင်မကောင်း။
ကျွန်တော် လက်တွေတုန်ကာ သတိလွတ်ချင်ချင်။
သို့သော် ...,,,

Virus of Love [Completed]Where stories live. Discover now