အေခ်Virus

7.7K 707 92
                                    

(Unicode)

မြေပြင်ပေါ် ခြေမထိဘဲ အကောင်းတကာ့
အကောင်းဆုံး ပို့ဆောင်ရေးယာဉ်တို့ကို
အားပြု ခဲ့သော နှစ်နှစ်ဆယ်တာ ကာလရဲ့
မူဆိုး တချို့က ပစ္စုန်ပ္ပန်မှာတောင် တစ်ခါတစ်လေ
ကျွန်တော့်အပေါ် သက်ရောက်တတ်သည်ထင်။

သွေးခြေဥနေတဲ့ ခြေဖဝါးနုနုကို
ကျွန်တော် မနှစ်မြို့  ။ နာစရာရယ်လို့
မသတ်မှတ်ပေမဲ့လည်း ကိုက်ခဲတတ်တဲ့
သဘာဝအရ ကျွန်တော့် မျက်နှာ 
တစ်ချက်တစ်ချက်တော့ ပျက်သွားလိမ့်မည်။

အသီးအရွက်အစုံ ရောပြွန်းနေတဲ့ ခေါက်ဆွဲ
ပြုတ်ကို ပါးစပ်ထဲသို့ အတင်းထိုးသွင်းရင်း
ပလုပ်ပလောင်းစားနေတဲ့သူ့ပုံက ဟန်မာယာ
များတဲ့လူသားလို့ကို ထင်ရက်စရာ မရှိဘူး ။

ရွေ့လျားခြင်း ကင်းမဲ့တယ်လို့ ယူဆမိတဲ့
အချိန်ယန္တရားတွေ အလယ်မှာ  ဤလူသားက
ကျွန်တော့် ဒဏ်ရာများကို မေ့စေနိုင်စွမ်းသည်ထင်။

ကျွန်တော့်ရင်ဟာ အေးမြမြ ။

" babe မျက်နှာကြီးကလည်း "

အလုတ်အလွေးသွေးရင်း ပြောလာတာမို့
ကျွန်တော် နောက်ကို နည်းနည်းဆုတ်
မိတယ် ။ ဒါတောင် လေးငါးစက်လောက်
ကတော့ အသာလေး လာစင်တာ ။

" ငါ့ မျက်နှာက ဘာဖြစ်နေလို့လဲ "

" မဲ့နေတာလေ "

ကျွန်တော် ပြုံးနေခဲ့တာပါ ။
ဒါမှ မဟုတ် ....၊ မဲ့ချင်လည်း မဲ့မိမှာပေါ့ ။ 

တွန့်ကုပ်ကာ ဆိုနေတဲ့ သူ့ဟန်က
ကျွန်တော့်အား ဆူပူနေချင်သည့်နှယ် ။

ကျွန်တော့် မျက်နှာ အတင်အကျတိုင်းကို
အထအန လိုက်ကောက်တတ်သည်က
သူ့ အကျင့် ။

နှုတ်ခမ်းထောင့်စွန်း ချိုင့်ဝင်အောင်ကို
ခပ်မာမာညစ်ပြုံးနှင့် ကျွန်တော်
စိုက်ကြည့်တဲ့အခါ ၊

လှိုက်ခနဲ ထွက်လာတဲ့ သူ့ရီသံချို ချို ။

" ကိုယ် ဒါလေးပဲ စားမိတာကိုကွာ ...။
ဖြစ်ပျက်နေတဲ့ ရုပ်ကလေးကလည်း ၊
လူယုတ်မာလေးကျလို့  ...."

" ဘာ !!!! JEON JUNG KOOKK မင်း "

ကျွန်တော့် မျက်ထောင့်နီကို သူကြောက်ပုံမရ။
ခေါက်ဆွဲပြုတ်ပူပူကိုသာ  အာရုံကျကျ
ပြန်စားနေလေရဲ့ ။ ကျွန်တော် မစားရလို့ဆိုပြီး
ဘာ ငြူ စူစရာရှိမလဲ ။ မစားချင်ဘူးဆိုပြီးတောင်
ခေါင်းခါခဲ့တာ သူအသိကို ... ။

Virus of Love [Completed]Where stories live. Discover now