သတိတရ Virus

7.6K 719 45
                                    

(Unicode)

အဆုံးစွန်ဆုံးသော အေးခဲခြင်းမျိုးနဲ့ ထုံအ
သွားသည့်နှယ် ။ ပူနွေးနွေးရင်ငွေ့လွှာနဲ့
ထိကပ်နေတဲ့ ကျွန်တော်ခန္ဓာကိုယ်ရဲ့
သွက်လက်ခြင်းအဟုန်တို့ ရုတ်လျော့ကုန်၏။

စိုးရွံ့မိသည် ။ ကျွန်တော်ချစ်သော သူ့ကိုယ်၌
တစ်စုံတစ်ရာ ထိခိုက်သွားမှာမျိုး ။
ကြောက်လန့်မိသည် ။ မာန်မာနထန်တဲ့
သူဌေးကြီး၏ အာဏာတို့ကြောင့် သူ
ကျွန်တော့်အား ဖယ်ခွာသွားမှာမျိုး ။

" ဖေ ဖေ တွေ ဘာတွေတောင်
ဖြစ်လို့ပါလားဟေ့ "

ရယ်ရယ်မြူးမြူး သူဌေးကြီးအသံမှာ
  သဘောကျနှစ်လိုခြင်းတို့ ခစားမနေ ။
သူ့အား ခပ်မှေးမှေးကြည့်နေတဲ့ သူဌေးကြီး၏
ဒေါသအရိပ်အယောင်တို့ကို ကျွန်တော်
မြင်လိုက်ရတဲ့အခါ ...,,

" ဒီ ..ဘက်ကို ဘာကိစ္စ .. "

" Taehyung "

လှိုင်းမမှန်တဲ့ ကျွန်တော့်အသံတွေ လေထဲတွင်
ပင် ပျောက်ရှသွားပြီး တစ်ကြိမ်တစ်ခါမှ ကြား
ဖူးခြင်းမရှိတဲ့ ကျွန်တော့်အမည်ကို သူ့နှုတ်ခမ်း
ဖျားမှ ခပ်ဆတ်ဆတ်ကြားလိုက်ရတယ် ။

ယောင်ယမ်းကာ သူ့ကို လှည့်ကြည့်တော့
အခင်အမင်မပျက်တဲ့ ငယ်ပေါင်းကြီးဖော်
များပမာ နှစ်နှစ်ကာကာပြုံးပြလေသည် ။
ဒီလိုအချိန်မှာ သူပြုံးနိုင်သေးသည် ။
သမရိုးကျ ခံစားချက်ထင်းထင်းဖြင့် ဖော်ရွေ
လွန်းတဲ့ ကောင်လေးတစ်ယောက်လို
သူဌေးကြီးထံသို့ ဦးတစ်ချက် ညွှတ်ရင်း
ကျွန်တော့်ကို ကြည့်၍ ...,,

" ကောင်မလေးနဲ့ ချိန်းထားတာ ရှိသေးတာမို့
ခြေထောက်ကောင်းပြီဆိုရင် ငါပြန်တော့မယ်
လေ "

" အင်း.. အင်း "

အော်စကာ မှန်းရလောက်တဲ့ တစ်မိုးအောက်
JEON JUNG KOOK ၏ လုပ်ဇာတ်အား
ဦးချ ချင်စိတ် တကယ်ပေါက်သွားရတယ် ။

မျက်မှောင်ကြုတ်ပြီး  ဝေခွဲရခက်နေသော
သူဌေးကြီးအား ချွေးပြန်စွာ ငဲ့ကြည့်၍
ကျွန်တော် Kim Taehyung ခမျာ
ဒုတ္ခိတဆိုက်ဒ်  ဖမ်းရတော့၏။
မှုန်ဝါးဝါးသူ့အရိပ်ကို ဖျတ်ခနဲမျှော်ကြည့်မိတဲ့
အာရုံလွှာ ၊ ကျွန်တော် သူ့ကို အရေးမစိုက်စွာ
ထားခဲ့စဉ်ကရော ? သူဒီလိုမျိုး ရင်နာခဲ့ရသည်လား။

Virus of Love [Completed]Donde viven las historias. Descúbrelo ahora