မာနVirus

9.4K 823 20
                                    


(Unicode)

ကြယ်သီသော ဂီတတွင် ညသည် ကြည်လင်စွာ။
ဆောင်ကျဉ်းခြင်းခံရသည့် အနေအထားကို
သူက မနှစ်မြို့ဟန်တူ။ ကောင်းကင်ကိုမော့
ကြည့်ပြီးနောက် အလိုမကျသလို ကျွန်တော့်
ကို ငဲ့ကြည့်ရဲ့။

အစိမ်းရင့်ရောင်  ဆံပင်အုပ်အုပ်တို့ခြယ်မိုးအပ်သော
ဦးခေါင်းငယ်သည် ကျွန်တော့်ရင်ဘတ်နား၌
ဟိုလှည့်ဒီလှည့်။ စုတ်ချာချာဝန်းကျင်သည်
သူ့အဖို့ အကျည်းတန်စွာ အံ့သြစေသည်ဟု
မထင်။ သို့သော် ..,, ရှုကွက်ကောင်းကောင်း
မပါမှန်းလည်း ကျွန်တော် နားလည်သည်။

ကြိုသိနေခဲ့ပါသည်။ သူဟာ ခပ်ဆိုးဆိုးလူသား
တစ်ဦးအနေနှင့် အပယ်ခံခြင်းတွေနဲ့အပြိုင်
တင်းခံနေတဲ့ မာကျောကျော အပြုအမှုတွေကို
မဖြစ်ဖြစ်အောင် စုတ်ချက်ဆွဲသော မှင်နက်ပြာ
တစ်ချောင်းဖြစ်မှန်း။

သူရွေးချယ်သော ဆုံမှတ်မှာ ကိုယ်ဟာ
တခဏဖြတ်ပြေးသွားတဲ့ အမှုန်အမွှားတစ်ခုဟုသာ သိနှင့်သော်လည်း။
ဝတ္တရားများအား မျက်ကွယ်ပြု၍ သူ့ထံ
ခစားချင်မိသည်ဆိုသော်..,,,

မိုက်ရူးရဲဆန်အတွေးမျှင်တို့အတွက် ကျွန်တော့်
နှလုံးသားဗရပွအား  စတေးခံနိုင်ပါမည်လော။
ကျွန်တော့် အကြောက်တရားသည် ကျွန်တော့်
ကိုယ်၌ မတည်မှီ။

အနည်းဆုံးတော့ အမှတ်တမဲ့ လွင့်စင်တတ်တဲ့
မှင်ရည်စက်မျိုးပဲဖြစ်ရဖြစ်ရ။ သူ့အပါးမှာ
ကျွန်တော့်ခန္ဓာအား အပ်နှံခယချင်မိသည်။

အလင်းကျဲကျဲလမ်းမထက် အတူယှဉ်လျှောက်
လာရင်း အိမ်ခန်းငယ်ရှေ့တစ်နေရာတွင်
ကျွန်တော် ရပ်တန့်လိုက်တဲ့အခါ ခပ်မော့မော့
ကြည့်လာတဲ့သူ။

ကျွန်တော့် ရင်အစုံသည် ထိုမျက်ဝန်းများ
ပေါ်ဝယ် တိခနဲဖြတ်လိုက်သော ကြိုးမျှင်တန်း
နှယ် ။ လွင့်ခနဲ ...အေးခနဲ..ကျင်ခနဲ။

တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းလွှာဟာ
ဟန်မဆောင်တတ်ပုံများ။
တစ်ချက် တစ်ချက် ဆတ်ခနဲ တုန်သွားရဲ့။

Virus of Love [Completed]Where stories live. Discover now