မ်က္ရည္ Virus

6.7K 635 88
                                    


(Unicode)

ပိုးမွှားကောင်တို့၏ တောင်ပံခတ်သံများက
ညံလျက် ။ စိုထိုင်းထိုင်းအခန်းငယ်ရဲ့အပူချိန်မှာ
လျော့နည်းလာဟန်ရှိလေသည် ။

သူ၏ အသက်ရှုသံပြင်းပြင်းက ကျွန်တော့်
နားထင်ကြောများကိုပင်  အေးခဲသွားစေသယောင်။
အောက်နှုတ်ခမ်းကို အလိုလိုဖိကိုက်မိကာ
ကျွန်တော့် မျက်လုံးတို့က သူ့ ကို စိုက်ပြီး
ကြည့်မိသည် ။

" ငါ့ကို အဲ့လိုပဲတွေးထားသလား Jeon Jungkook? အဲ့ဒီ့အဆင့်မှာပဲလေ ဟမ် "

ကျွန်တော့် လေသံက သာမာန်ထက် ကျယ်လောင်
သွားခဲ့မည်ထင် ။ သို့သော် ထိန်းချုပ်ထားစရာ
ဘာအကြောင်းမှ မရှိ ။ တစ်ခြားသူ တစ်ယောက်က
ဒီလိုစကားမျိုးပြောရင်တောင် ကျွန်တော်
ဒေါသထွက်ရုံပဲရှိမည် ။

သူမို့ ပို၍ ဝမ်းနည်းရပါသည် ။ ပေါက်ကွဲမိမည်
စိုး၍ ထိန်းချုပ်ထားရသည်မှာလည်း  ခက်ခဲ
လွန်းနေသည် ။

" ဘာဖြစ်လို့လဲ ။ ရှက်လို့လား ...? "

မျက်ခုံးနှစ်တန်း ထိလောက်သည်အထိဖြစ်သွားသော
သူ့ပုံက ၊ ကျွန်တော့် ရင်ကို ဘာသာမပြန်တတ်ဟန်။

ရှက်နေတာ မဟုတ်ခဲ့ဘူး ။
ဆားမပါတဲ့ ဟင်းတစ်ခွက်လို ပေါ့ပျက်ပျက်
ပြောထွက်ရဲတဲ့အတွက် အံ့အားသင့်ရတာ ။

အရံသဘောမျိုးလောက်နဲ့ ကံကြိုးဆွဲရာ
ကျွန်တော်နေနေရာမှ ၊ တစ်စုံတစ်ဦးရဲ့
တန်ဖိုးတစ်ခုအနေနဲ့ ရှိနေနိုင်ခဲ့သည် ။
ဘွဲ့တံဆိပ်ကပ်ရလောက်သည့်တိုင် သူက
မခမ်းနားပေမယ့် လေးလေးနက်နက်ပေးအပ်
ထားသော သူ့ချစ်ခြင်းတွေထံ ကျွန်တော်၏
ကျေးဇူးပေလွှာ အပ်နှံခဲ့မိသည် ။

ဘယ်နေရာတွေလွန်ခဲ့သလဲ ကျွန်တော် မသိပေမယ့်
အရင်လိုဦးကျိုးသည့် သရုပ်တွေ သူ့ထံ၌ ရှာမတွေ့။

မာနချိုးချင်တာမဟုတ်ပေမယ့် ကျွန်တော့်ကို
အလေးထားပြီး ဘာလုပ်လုပ် လက်ခုပ်တီးပေး
မယ့်သူမျိုး ။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ၊
ကျွန်တော် ဖန်တီးမယ့် ကံသုံးပါးတို့နှင့်အတူ
သံသရာ၌ ကျင်လည်ပေးမည့် သူမျိုး ။
ကျွန်တော့်စံနှင့် မကိုက်သော်ငြား
Jeon Jungkook ကိုမှ ဘာကြောင့်
လက်မလွှတ်နိုင်ရသနည်း ။ ထိုပုစ္ဆာကို အဖြေ
ထုတ်ဖို့ ကျွန်တော် ခေါင်းရှုပ်မခံခဲ့သည်မှာ
ဒီလို နေရာတွေမှာ အပြောင်အပျက်လုပ်ဖို့ မဟုတ်။
သူ ကျွန်တော့်ကို လေးစားဖို့ကောင်းသည် ။

Virus of Love [Completed]Where stories live. Discover now