ကုစား Virus

6.1K 638 43
                                    

(Unicode)


ကျွန်တော့် လက်ဖျားများက အေးစက်လို့
နေသည် ။ တစ်ယောက်တည်းလည်း
လုပ်နိုင်သည်ဟု ပြောခဲ့စဉ်က ကျွန်တော်
ရူးနှမ်းများနေခဲ့သလားလေ ။ ဆေးရုံအငွေ့
အသက်ဆိုသည်မှာ Hyung အခန်းသို့ဝင်
တိုင်းရနေကြ ဖြစ်သော်လည်း  နေရာဌာနကား
မတူ ။ထို့အပြင် ကျွန်တော့် အခန်းကဏ္ဍသည်က
လူနာ မမည်သော လူနာ ။

" ချဉ်ဆီလှူဖို့ ၁၅မိနစ်လောက်ပဲ
လိုတော့တယ်နော် ။ ရှင်အဆင်ပြေရဲ့လား "

Eun Hee ဆိုသော မိန်းကလေးက ကျွန်တော့်
သောကကိုသိဟန်တူသည် ။ ဖုန်းတကိုင်ကိုင်နဲ့
လက်သည်းကိုက်ကာ ၊  ဆေးရုံတစ်လွှား
မျက်လုံး ကစားလျက်ရှိသည် ။

" Jung Kook ဘာလို့မလာသေးတာပါလိမ့်
ဟင်းးး "

" ကိစ္စတစ်ခုခုရှိလို့ နေမှာပါ "

ပြောမယ့်ပြော စကားအဖြစ်သာ ။ ကျွန်တော့်
အာရုံက ဆေးထိုးအပ်ပုံသဏ္ဍာန်အမျိုးမျိုးကို
ပလူပျံအောင် မြင်ယောင်နေရာမှ
Jeon Jung Kook ထံ အာရုံ ကျပြန်လေသည် ။

ခပ်မြန်မြန်ခေါင်းခါထုတ်၍ ခွဲစိတ်မှု့ အောင်မြင်
ရန် အရေးသာ နှလုံးသွင်းထားလိုက်သည်။

ဤကိစ္စအဆင်ချောအောင် Hyung က
သူဌေးကြီးအား မည်သို့မည်ပုံချော့မော့ခဲ့သည်
မသိ ။ဂျပန်သို့  လူယုံထည့်ပေးမည့် ကိစ္စမပြောနှင့် ၊ ကျွန်တော့်အား အရေးအရာပင် မသွင်းတော့ချေ ။

ဒီနေရာတွင်တော့ လျစ်လျူရှုခံရခြင်းကို
ကျွန်တော် သဘောတွေ့မိပြန်သည်။

အရင်သို့လှန်လှောကြည့်မိသော နေ့စွဲများတွင်
ကျန်းမာခြင်းလာဘ်တစ်ပါးကိုတော့ ကျွန်တော်
ကောင်းစွာ ပိုင်ဆိုင်ထားခဲ့ဖူးလေသည် ။
မြွေမကြောက် ၊ ကင်းမကြောက်သော
လူသားမှာ  ဆေးထိုးအပ်မြင်လျှင်
ချက်ချင်း ပြန်ကောင်းသွားတတ်သော
သဘောသဘာဝဟူသည် စမြုံ့ ပြန်၍
ကောင်းသော အရာမဟုတ် ။

ယခုတစ်ခေါက် စိန်ခေါ်မှု့တွင် မျက်စိသူငယ်၊
နားသူငယ်သာ လုပ်ပြလိုက်ပါက
Jeon Jung Kook တစ်ကောင် ....  ၊
ဆရာဝန် ဘောင်းဘီစဆွဲကာ
ခွဲခန်းထဲအထိ လိုက်လာမည့် သဘောရှိချေသည်မို့

Virus of Love [Completed]Where stories live. Discover now