အက်ဥ္းစံVirus

8.3K 738 43
                                    

(Unicode)

အမှောင်ထဲ၌ ထွန်းသည့် အလင်းမှာ ထူး၍
တောက်ပသည် ။ ကျွန်တော် ဖတ်ဖူးခဲ့တဲ့
ဤစာတိုပေစများ အားကိုးနဲ့ ဝမ်းသာလုံးဆို့
မတတ် ထခုန်ပစ်လိုက်ရမည်လား ..?

သို့တည်းမဟုတ် ...၊

အရူးလုပ်ခံလိုက်ရလေခြင်းဆိုတဲ့ ခံပြင်းစိတ်
ကြောင့် သူ့ကို အားကုန်ထိုးချပစ်လိုက်
ရမည်လား?

အမှန်စင်စစ်မူ ကျွန်တော့် စိတ်က ခန္ဓာအဝေး
ထွက်ပြေးသွားသည့်ပုံ ။ အတွေးထူစွာ မူးမိုက်
လာတဲ့ ခေါင်းကို လက်နဲ့ဖိရင်း ပစ္စုပ္ပန်မှ
တစ်ချက်တစ်ချက် လွတ်မြောက်ချင်နေသည် ။

နောက်ခံတီးလုံး ကူစရာမလို ၊ အသက်ဝင်ခဲ့
တဲ့ ဒီဇာတ်ကျောရိုးကို ကျွန်တော်က သိပြီး
သားမို့ ၊ တစ်ကြောင်းတစ်ပါဒသော သူ၏
ဖြေရှင်းချက်မျိုးနှင့်ပင် သဘောပေါက်လိုက်ပါ၏။

" ကိုယ်က ကလေးကို ကယ်ချင်ရုံသက်သက်ပါ "

ကျွန်တော်ကရော ...?

အရိပ်သာသာ အဖြစ်မျိုးကိုမှ မသိ ၊
အဟုတ်ကြီး ထင်မိတဲ့ ကျွန်တော် ။
နေကွယ်ရင် သေဆုံးရမယ်ဆိုတဲ့ အသိက ရင်ဘတ်တစ်ခုလုံး ဓားနဲ့ ဆွဲခြစ်ခံနေရသလို။

" နင်တော်တော် ရူးပါလား Jeon Jung Kook
ရယ် !!! မလိုချင်လို့ သတ်ဖို့လုပ်ခဲ့တာကို
ကယ်ပါဆိုပြီး အသနားခံရအောင်
နောက်ထပ် အသက်ပိုနင့်မှာရှိလား ဟမ်
ငါ့ကို ပြောလေ ကလေးကို ဘာမှမထိခိုက်စေ
ရဘူးလို့ နင်ကတိပေးမလား "

မိန်းကလေးက ငိုယိုအော်ဟစ်ရင်း သူ့ရင်ဘတ်
အား နာနာကျည်းကျည်းထုရိုက်လျက် ။

ကျွန်တော် ငိုပစ်လိုက်ချင်ပါသည် ။ ဒီကြမ္မာဆိုးတွေမှ ကယ်တင်ပေးဖို့ တစ်ယောက်ယောက်အား အော်ဟစ်ပြီး
အကူအညီ တောင်းပစ်လိုက်ချင်ပါသည်။

ထိုဇာတ်ခုံအစုံစုံပေါ်မှာ ကျွန်တော့်မှားယွင်းမှု့
မပါခဲ့သော်လည်း သူဌေးကြီးအစား ကျွန်တော်
ခံယူဝံ့ပါသည် ။ သူက ကျွန်တော့် အဖေဖြစ်
သည်မို့ ၊ ကျွန်တော်တို့က မိသားစုဖြစ်သည်မို့ ။

" ခြင်ဆီ ကျွန်တော် ပေး..ပါ..ရ...စေ ...."

မျက်ရည်များနှင့် မိန်းကလေး ...သို့တည်းမဟုတ်
ကလေးနှင့် သွေးသားတော်စပ်သူ မိန်းကလေး
က ကျွန်တော့်စကားကို ကြားကြားချင်းပင်
ဟားတိုက်ရီပစ်လိုက်ပါ၏။

Virus of Love [Completed]Where stories live. Discover now