အပိုင်း ၎

6.2K 664 27
                                    

My World is You

~  " Hyung " ဒီနေ့ အပြန် ကျွန်တော့် ကို မစောင့်နဲ့တော့ ကျွန်တော် သွားစရာ ရှိလို့ 

Kyung Soo ဘ၀ မှာ Jongin ဆီက နေ သု့ကို မစောင့် နဲ့ ဆိုပြီး ပြောတဲ့ အသံ ပထမ ဆုံး အကြိမ် ကြားဖူး ခြင်းပင်....တစ်နေရာရာ သွားစရာ ရှိရင်တောင်မှ သူ့ လက်ကို  အတင်း ဆွဲကာ ခေါ်သွားတတ်သည့် Jongin က ဒီကနေ့ မှ ဘာလို့ များ ???

Kyung Soo တွေးရင်း မျက်ရည် ဝဲလာရသည် သူက စိတ်ပျော့ တဲ့ သူ တစ်ယောက် မဟုတ်ပေမယ့် Jongin နဲ့ ပတ်သတ်ပြီး ပထမဆုံး အကြိမ် ခံစား ရတာကြောင့် သူ့ရင်ထဲ တကယ် မကောင်းပေ အိမ်အပြန် လမ်းဟာ သူ့ အတွက်တော့ ခြောက်ကပ်ကပ် နိုင်သလို ပျင်းစရာ ကောင်းလှသည် ....တစ်ယောက်တည်း စက်ဘီး စီးကာ ပြန်ရတဲ့  သူ့ အဖို့ အထီးကျန်တယ် ဆိုတဲ့ ခံစား မှု့ကို ပထမဆုံး အကြိမ် ခံစား လိုက်ရခြင်းပင်

~~~~~~~~×××××××~~~~~~~

Jongin သူ အလောင်း အစား လေး တစ်ခု ကြောင့် ဆိုးဂျင် နဲ့ လိုက်သာ လာ ရသာ Hyung ကို စိတ်မချ .....ဆိုးဂျင် ဘက်ကနေ သူနဲ့ ဒိတ်ဖို့ စတင် ကမ်းလှမ်းလာတာကြောင့် အစက သူငြင်းဖို့ စိတ်ကူးခဲ့ပေမယ့် Sehun တို့နဲ့ လောင်းထား တဲ့ ဆိုးဂျင် ကို အသည်း ခွဲကြေး ဆိုတဲ့ အလောင်း အစား ကြောင့် သူ မငြင်းနိုင်ဘဲ ဆိုးဂျင် နောက် လိုက်လာ ခဲ့ရခြင်းပင်

အခု ရောက်နေတာ က ညနေခင်းပိုင်း မှာ လေပြေအေလေး တွေ တိုက်ကာ လှပလွန်းတဲ ဟန်မြစ်ကမ်းဘေး  ဒါမယ့် Jongin စိတ်တွေက မအေးချမ်း နိုင်တာကြောင့်  ဖုန်းထဲမှာ No 1 အနေနဲ့ မှတ်ထားတဲ့ Hyung ဆိုတဲ့ Contact လေးကို သူ နှိပ်ကာ ခေါ်လိုက်သည်

၅ ခါ ၆ ခါ မြှောက်တဲ့ အထိ မကိုင် တာကြောင့် Jongin  စိတ်တွေ အရမ်း ပူလာရသည်

အိမ်များ ပြန်မရောက်တာများလား ??

တစ်ခုခု များ ဖြစ်နေလား??

ဆိုပြီး အတွေးတွေ များနေရသည် နောက်ဆုံး အိမ်ဖုန်း ကို ခေါ်ကြည့် ကာမှ အချိန်ပိုင်း အလုပ် လာလုပ်တဲ့ အိမ်အကူ အဒေါ်ကြီးက  Hyung ပြန်ရောက်ပြီ ဆိုတဲ့ အသံ ကြားရတော့ သက်ပြင်း ချရသည်

~~~~~~~~×××××××~~~~~~~~

~ဟွန့်

စားပွဲပေါ်မှာ တတီတီ မြည်နေတဲ့ ဖုန်းလေး ကို Kyung Soo မျက်စောင်း ပိတ်ထိုးရင်း မကိုင်မိ

My World Is You!!(Z+U) Where stories live. Discover now