အပိုင်း ၆

5.3K 651 68
                                    

My World is You

~ Jongin ah !!! Wuri Jonginnie လေး ဘာတွေ တကုပ်ကုပ် နဲ့ Laptop တစ်လုံး နဲ့ အလုပ်တွေ ရှုပ်နေရတာလဲ

Kyung Soo Hyung က ပါးစပ်ကနေ ပေါက်ပေါက် ဖောက်ကာ ပြောရင်း အခန်းထဲ ၀င်လာတာကြောင့် Jongin သူ Laptop ကို ပိတ်လိုက်သည်

သူ အဲ့လို လုပ်တော့ Hyung က စူးစမ်း သလို မျက်လုံး ၀ိုင်းကြီးတွေနဲ့ ကြည့်ရင်း

~ မင်း မကောင်းတဲ့ကားတွေ ကြည့်နေတာလား

~ အာ မဟုတ်ပါဘူး Hyung ကလည်း

~ တကယ် နော် Jongin ကို ဒီရက်ပိုင်း မသင်္ကာဘူး တစ်ခုခု တော့ တစ်ခုခု ဘဲ

Hyung က ပြောကာ သူ့ ကို လာဖက် တော့ Jongin ရင်တွေတုန်လာ ရသည် သူ ဟ်ု အကြောင်းတွ သိပြီး ကာမှ လူက နေလို့ မကောင်း သလို ဖြစ်နေတယ်မလား

~ Hyung ဟို ကျွန်တော် နားတော့ မယ်

တစ်ခါ မှ မနှင်ထုတ်ဘူး တဲ့ Hyung ကို နှင်ထုတ်လိုက် ရတဲ့ တကယ် စိတ်မကောင်း

ချက်ခြင်းပင် သူ့ စကားကြောင့် Hyung ပုံစံလေး တစ်မျိုး ဖြစ်သွားသည် မဟုတ်လား

~ ကျွန်တော် နေလို့ သိပ်မကောင်း လို့ပါ

Jongin ထပ်ပြောတော့ Hyung က အသာ ခေါင်းငြိမ့်ပြရင်း ထွက်သွားသည် ထွက်သွားတဲ့ Hyung ကျောပြင် သေးသေး လေးကို သူ နောက်ကနေ ကြည့်ရင်း ဆွဲဖက်ကာ ငိုချငိ လာသည်

  တောင်းပန်ပါတယ် Hyung ကျွန်တော် တို့က မဖြစ်နိုင်ဘူး

~~~~~~~~~~~×××××××~~~~~~~~

~ Jong Jongin က ဂျပန် သွားမယ်

Kyung Soo တစ်ယောက် မနက်စာတောင် မစား နိုင်တော့ဘဲ တအံ့တသြ ထရပ် လိုက်သည်

Jongin ကတော့ Hyung မျက်နှာကို မကြည့်ရဲ တာနဲ့ မကြည့်မိ

~ဘာ ဘာလို့လဲ

Kyung Soo တုန်လှုပ်စွာ မေးတော့ Jongin က အပြုံးဟု မဆိုသာ တဲ့ အပြုံး ယဲ့ယဲ့လေးနဲ့

~ ကျွန်တော့် အိမ်မက်တွေ အကောင် အထည် ဖော်ချင်လို့ပါ

~ ဒါပေမယ့် ဒီမှာလည်း ရတာဘဲလေ မေမေ တို့ကရော ဘာလို့ ခွင့်ပြုတာလဲ ကျွန်တော်က Jongin လေးကို စိတ်မချပါဘူး

My World Is You!!(Z+U) Where stories live. Discover now