အပိုင်း (၂၂)

6.4K 680 70
                                    

~ Jongin ????

Hyung ငိုပြီး ပြေးတက် သွား ကတည်း က သူလည်း စိတ်မကောင်း ဖြစ်ပြီး အခန်း အောင်းနေမိတာ သူဟာ Hyung အတွက် အဓိပ္ပယ် မရှိ တန်ဖိုး မရှိတဲ့ သူ များ ဖြစ်နေ မလား ဆို ပြီး တွေးပြီး ငိုရလွန်းလို့ မျက်လုံးတွေလည်း ကျိန်းစပ်နေလေသည် သူဟာ Hyung ရဲ့ ပျော်ရွှင်မှု့ တွေ ကို ဟန့်တား ပြီး Hyung မျက်ရည် ကျအောင် လုပ်မိပြီ ဆိုတဲ့ အတွေးကြောင့်လည်း လူက စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးထိ ထိုး ကျနေမိ သည်

~ Jongin ??????

သူ့ပုခုံး ကို လက်နဲ့ ဖွဖွ လာထိ ကာ ခေါ်လိုက်တဲ့ Hyung ကြောင့် အတွေးတွေ နဲ့ လောက ကြီးကနေ အဆက် အသွယ် ပျက်နေရာ ကနေ အလန့်တကြား မော့ကြည့်မိသည်

~ တစ်နေကုန် လည်း ဘာမှ မစား သေး ဘူး မဟုတ်လား

ကြည့်ရတာ နေ့လည် က သူ ဆင်း မစား တာကြောင့် စိတ်ပူပြီး တက်လာ သည့် ပုံ အခုလို Hyung စိတ်ပူ တာ မြင် ရတော့လည်း အတွေး တစ်ချက် က လှစ်ခနဲ့ ပျော်သွား သည်

~ ကျွန်တော် စားချင်စိတ် မရှိလို့

~ မရဘူး လာခဲ့  လာ

Hyung  က သူ့လက်တွေ ကို အတင်း ဆွဲ ကာ ခေါ်လေတော့ Jongin ယက်ကန် ယက်ကန် နဲ့ ပါလာလေသည် သူ့ ကို ခုံမှာ ထိုင်စေကာ ထမင်း ပန်းကန် ချပေး ပြီး သူ့ကို အတင်း စားခိုင်း နေတဲ့ Hyung သူကိုယ်တိုင် ကတော့ မစား ပါဘဲ မျက်နှာချင်းဆိုင် မှာ ထိုင်ကာ သူ့အား မျက်လုံး ဝိုင်းတွေနဲ့ စိုက်ကြည့် နေလေရဲ့

~ အဟွတ် အဟွတ်

စိုက်ကြည့် နေသည့် Hyung ကြောင့်ရုတ်တရက်ကြီး ချောင်းဆိုးကာ သီးသွားလေတော့ Hyung  က ရေတစ်ခွက် သူ့အား ကမ်းပေး လေရဲ့

~ Hyung ရော မစားဘူး လား

~ ဗိုက်ပြည့် နေပြီ

Hyung က သူ့အား တစ်ချက် ပြောကာ ဖုန်းမြည် လာလို့ အပြင် ထွက် သွား လေသည် ကြည့်ရတာ Hyung ကောင်မလေးထင် ပါရဲ့

အတန်ကြာဂဖုန်းပြောပြီး မှ ပြန်ဝင်လာသည့် Hyung မျက်နှာကပြုံးနေလေသည်

  " Hyung ရယ် ကျွန်တော် အတင်း ဆွဲ ထား တဲ့ Hyung လက်တွေ ကို Hyung နာကျင် မှာ စိုးလို့ လွှတ်ပေး လိုက်ချင် ပေမယ့် ကျွန်တော့် နှလုံး သား က လက်မခံ သေး ဘူး Hyung "

My World Is You!!(Z+U) Where stories live. Discover now