အပိုင်း (၁၀)

5.3K 718 152
                                    

ညက မျက်ရည် များနဲ့ မိုးလင်း ခဲ့ရတာကြောင့် မနက် နိုးလာတော့ လူက ခေါင်းက မကြည် ဆိုင်မသွားရင် အဆင်ပြေပေမယ့် အိမ်မှာနေရင်လည်း သူ့ မျက်နှာကို တစ်နေကုန် တွေ့နေရရင် Jongin ဘဲ စိတ်ပင်ပန်း ရမည် မဟုတ်လား

အဲဒါကြောင့်ပင် တစ်စစ်စစ် ကိုက်နေတဲ့ ခေါင်းကိုဥပေက္ခာပြုကာ ဆိုင်သွားရန် ပြင်လိုက်သည်

မနက်စာ စားဝိုင်းမှာ သူ ဖြစ်နိုင်မယ်ဆိုရင် Jongin ကိုမတွေ့ချင်ပါ

Jongin ကိုတွေ့ရင် သူ့နှလုံးသားလေး နာကျင်ပြီး ထပ်ကာ ထပ်ကာ ငိုနေရမှာ သူကြောက်သည်

~ မောနင်း မေမေ

မနက်စာစားရန် အတွက် ဆင်းလာတော့ ကံတရား က သူ့ဘက်မှာ မရှိ သူ့ နောက်ကနေ ခြေသံကြားလို့ လှည့်ကြည့်တော့ Jongin ပါ နိုးလာပြီမနက် နိုးခါ စဖို့ ဆံပင် တွေက ပွနေကာ မျက်နှာလေးက အိပ်ရေး ဝထားပုံကြောင့် ဖောင်းဖောင်း အစ်အစ်လေး

သူကသာ အိပ်ရေး မဝခဲ့တာ Jongin ကတော့ အိပ်ပျော် ခဲ့ သည်လား

သူယောင်ယမ်းကာငေးကြည့်နေတော့Jongin ဆီက အကြည့် စူးစူး တစ်ချက်

သူ ယောင်ယမ်းကာ ပင် မျက်နှာလွှဲလိုက်ရသည်

သူလည်းလေ ဒီရက်ပိုင်း အပြစ်ရှိသူ တစ်ယောက်လို ခံစားနေရတာ ဘာကြောင့် များလဲ???

~ Kyung Soo ရေ Jongin လေးကို လက်စွပ်လေး ပြလိုက်လေ သားလေးရွေးလာတာ ဘယ်လောက် လှကြောင်း ကို

မေမေ့ စကားကြောင့်Kyung Soo ပူထူသွားရသည် Jongin ဒီကိစ္စကို သဘော မတူဘူး ဆိုတာ သိနေသည့် သူက ဘယ်လို မျက်နှာမျိုး နဲ့ လက်စွပ် ပြရမလဲ

အဲ့လိုလည်း ကြားရော ပေါင်မုန့် စားနေသည့် Jongin ကလည်း စားလက်စ ပေါင်မုန့် ကို လက် ချကာ

~ ကျွန်တော် ဝပြီ

ဆိုပြီး ထရပ်လေသည်

~ Kim Jongin ပြန်ထိုင်နေ

မေမေရဲ့ ဒေါသသံကြောင့် Kyung Soo ငိုချင်လာသည် ဒီအိမ်လေးထဲ အရင်တုန်းကလို ရယ်သံလေးများ စနောက်သံလေးများ ပြန်ကြား ချင်တာ အရူး အမူး အခုတော့ နေ့တိုင်း စိတ်အခန့် မသင့်တာတွေနဲ့ဘဲ ကြုံနေရသည် မဟုတ်လား

My World Is You!!(Z+U) Where stories live. Discover now