အပိုင်း (၂၃)

4.4K 554 52
                                    

~ Kim Jongin မင်းမို့

Kyung Soo ရဲ့ မျက်ရည် တွေ ကျကာ နာကျည်း နေတဲ့ မျက်ဝန်း တစ်စုံ နဲ့ အကြည့် ခံ လိုက် ရပြီး နောက် Jongin ပါးတစ်ဖက် လည်ထွက် သွား ရသည်

Jongin စိတ်တွေ လွတ်ထွက် သွား ပြီး Hyung ကို ဆုံးရှုံး ရမှာကြောက်သည့် စိတ်ကြောင့် သူ Hyung က်ု အပိုင် သိမ်း ဖို့ ကြိုးစား ခဲ့တာ ပင် ဒါပေမယ့် Hyung ရဲ့  လက်သီး ကို တင်းတင်း စုပ်ထား ရင်း တစက်စက် တုန် နေသည့် နှုတ်ခမ်း အား ကိုက်ကာ သူ့အား မုန်းတီး သည့် အကြည့် များ နဲ့ ကြည့် နေသည် ကြောင့် သူ့ အသိစိတ် တွေ ပြန်ဝင် လာခဲ့တာပင်

ခုတင်ပေါ် သို့ ပစ်ချ ထား ခံရတဲ့ Kyung Soo က ဖရို ဖရဲ အနေ အထား ကနေ ကုန်းရုန်း ကာ ထလိုက် ပြီး

Jongin ကို စူးစူး ရဲရဲ ကြည့်နေသည်မှာ Jongin ပြာကျ သွား နိုင်လောက်သည်

~ Hyung !!! Hyung ကျွန်တော် မှားသွားတယ် ကျွန်တော် တောင်းပန်ပါတယ် Hyung

မျက်လုံး ထက်ကမျက်ရည် များ တသွင်သွင် စီးကျ လာကာ အောက်ကို ဒူးထောက် ကာ ထိုင် ချ မိသည်

Hyung က သူ့ဆီ ကနေ အကြည့် လွှဲ ထားရင်း

~ ငါ့ ရင်ဘတ်တွေ ပေါက်ထွက်ပြီး ရူးသွားတော့မယ် သိလား Jongin ရဲ့ မင်း ကိုလေ ငါ ငါ မုန်းနေ ပါ လျက် နဲ့ ညီ အကို တစ်ယောက် ထက် ပိုပြီး ချစ်နေခဲ့တာ တကယ် တော့ ငါ မှား ခဲ့တာ ဘဲ အဲဒါ မင်းသိလား

Jongin ရင်ဘတ် တွေ ကို တဘုန်းဘုန်း ထုရိုက်ရင်း ရှိုက်ကြီး တငင် ငိုနေလေတဲ့ သူ့ရဲ့ Hyung

~ မင်း မျက်ရည် ကျတာ မြင်ရရင် ငါ့ရင်ဘတ် တွေ ပေါက်ထွက်ပြီး ရူး မတက်ဘဲ ငါ ရူးပြီး သေသွား တာ ပိုကောင်း မယ် ထင်တယ်

ရှိုက်ကြီး တငင် ငိုကာ တုန်ယင် နေသည့် Hyung ကိုယ်လေး ကို Jongin ဖက် လိုက်တော့ Hyung  က ငြိမ်နေရှာသည်

~ မင်း ကို ငါ မုန်းချင် တယ်

~ တောင်းပန် ပါတယ် Hyung ရယ်

~ မင်းကို ငါ မချစ်ခဲ့ သင့်ဘူး

~ ကျွန်တော် ကျွန်တော် တောင်းပန်ပါတယ် Hyung ရယ်  Hyung ကိုလေ လက်လွတ် လိုက်ရရင် ကျွန်တော် ရူး သွား လိမ့်မယ် Hyung ရဲ့ ကျွန်တော် မှား ခဲ့တယ် ဟိုး အစ ထဲက ညီ အကို အရင်း မဟုတ် တဲ့ Hyung ကို 528 အချစ်ထက် ပိုနေတာ သိသိ ကြီး နဲ့ မဟုတ်ချင်ယောင် ဆောင်ပြီး ကျွန်တော် လစ်လျု ရှု့ ခဲ့ မိတယ် Hyung အချစ် တွေ ကို မြင်ပါလျက် နဲ့ Hyung ကို ချစ်နေပါ လျက်နဲ့  Hyung ခံစားရအောင် ကျွန်တော် လုပ်ခဲ့ မိတယ် Hyung ဆီကလေ ကွာရှင်း ခွင့်တွေ တောင်းပြီး ကျွန်တော် အရူး ထပြီး လုပ်ခဲ့ မိတယ် Hyung ရယ် ကျွန်တော့် လုပ်ရပ်တွေ အတွက် တောင်းပန် ပါ တယ် Hyung !! Hyung ကြိုက် သလို အပြစ် ပေးပါနော် ဒါမယ့် Hyung အနား ကနေတော့ ကျွန်တော့် ကို ထားပြီး ထွက်မသွားပါနဲ့နော် ကျွန်တော် သေလိမ့်မယ် Hyung ရဲ့

My World Is You!!(Z+U) Where stories live. Discover now