အပိုင်း (၉)

5.5K 675 79
                                    

Jongin ညကလည်း အတော်နဲ့ အိပ်မပျော်တာကြောင့် မနက် ကို တော်တော် နေမြင်မှ နိုးတော့သည်

အခါတိုင်း ဆိုရင် ဒီ အခန်းလေးထဲ သူ့ကို နှိုးနေတဲ့ အသံလေး များ နဲ့ ဆူညံနေတဲ့ Hyung အသံလေး သူ က မထသေးဘဲ Hyung ရင်ခွင်ထဲ ကို တိုးဝင်ကာ အိပ်တတ်တဲ့ ပုံရိပ်လေး ကို ပြန်မြင်မိတော့ မျက်ရည်က ပေါက်ခနဲ့

အခုတော့ Hyung သည်လည်း သူ့ ကို နှိုးဖို့ ရောက်မလာခဲ့ ဘူး မဟုတ်လား

အိပ်ရာ ပေါ် ကနေ ထကာမျက်နှာသစ်ပြီး အောက်ဆင်းခဲ့သည် ဖေဖေ ကတော့Company သွားဖို့ အဆင်သင့် ဖြစ်နေလေရဲ့ မေမေ ကတော့ Laptop တစ်လုံး နဲ့ ဘာတွေ ရှုပ်နေလည်း မသိ သူလှေကား ထပ်မှာ ငူငူ ကြီး ရပ်ကာအိမ်ထဲ Hyung များရှိမလား လို့ မျက်ဝန်း က အသာ ရှာနေမိသည် အတန်ကြာရပ်နေပြီးကာမှ

~အာ Jongin ရေ သား အတွက် မနက်စာ အဆင်သင့် ဘဲနော်

မေမေက သူ့ကို တစ်ချက်သာကြည့်ပြီးသူ့အလုပ်သူ ဆက်လုပ်နေသည်

~ Hyung ရော Hyung မနိုးသေးတာတော့ မဖြစ်နိုင်

စိတ်ထဲ ကိုယ့် ဘာသာတွေး ကိုယ့် ဘာသာ ဖြေပြီး ထမင်းစားခန်းထဲ ဝင်လာခဲ့သည်

ဟိုက ပြန်ရောက်နေတာမို့ အလုပ်ရယ်လို့ ဘာမှ မရှိ ဒီနေ့Sehunဆီ သွားလည်ရမည် ဟုစိတ်ထဲ တွေးထားလိုက်သည်

စားသောက်ပြီးတော့ မနေ့ညက ကိစ္စကလည်း သူ့ အလွန်လိုဖြစ်နေတာကြောင့် Hyung ကိုပြန်ချော့ မယ် ဆိုပြီး တွေးကာ Hyung အခန်းထဲ ဝင်လာခဲ့ပေမယ့် Hyung ကမရှိ

ရှင်းနေတဲ့ အခန်းလေး ထဲက Hyung  အိပ်ရာလေးပေါ် လှဲအိပ်ရင်း မျက်နှာကျက် ကို ငေးကြည့် နေမိသည်

ဘယ်လို အရာ တွေက ကျွန်တော် တို့ အကြား စိမ်းကား စေခဲ့ တာလဲ Hyung ??????

~~~~~~~~******~~~~~~~~

~ BK Bakery ဘဲ လာခဲ့ ငါစောင့်နေမယ်

Sehun ဆီကနေ ဖုန်းရတော့ အားနေတဲ့ အတူတူ သူ Sehun ချိန်းတဲ့ နေရာ ကို ထွက်လာခဲ့သည်

အောက်ထပ်လည်း ဆင်းလာရော မေမေ ကသူ့ကိုမြင်တော့

~ သားရေ ညနေ ကျ စောစော ပြန်ခဲ့ မေမေ တို့ လက်စွပ်သွားရွေးရမယ်

My World Is You!!(Z+U) Where stories live. Discover now