အပိုင်း၇

5K 631 39
                                    

My World is You

ဒီကနေ့ဆို Jongin တစ်ယောက် Japan ကို ထွက်သွားတာ ၃ ရက်မြောက်နေ့ Kyung Soo မှာတော့ Jongin အခန်းထဲ ဝင်ရှင်းရင်း လွမ်းနေရသည်

Hyung တစ်ယောက်လုံးကို ဖုန်းလေး တစ်ချက်တောင် မဆက်တာ ရက်စက် လွန်းတယ် Kim Jongin

Kyung Soo မှာ Jongin တစ်ယောက် Japan ကို ရောက်ပြီ ဆိုပြီး သူ့ မေမေ တို့ဆီ ဖုန်းဆက်တဲ့ နေ့တုန်းက သူ့ဆီ  ကို များ ထပ်ဆက်လေ မလား ဆိုပြီး တစ်ချိန် လုံးဖုန်းလေး ကို ထိုင်ကြည့်ရင်း Jongin ဆီက ဖုန်း အလာ ကို တစ်ညလုံး မိုးအလင်းထိ မျှော်နေခဲ့သည်

Jongin မှ အဆင်ပြေရဲ့လား ?

အိပ်ရာပြောင်းတာမို့ အိပ်မှ ပျော်ပါ့ မလား ?

အခန်းဖော် တွေနဲ့ရော အဆင်ပြေရဲ့လား ?

ည ကြီး မိုးချုပ် ဗိုက်များ ဆာနေမလား?

သူ့မှာလားပေါင်း များစွာနဲ့ ဖုန်းကို စောင့်နေရင်း အိပ်မပျော် ခဲ့ပေမယ့် Jongin ကတော့ သူ့ဆီ ကို ဖုန်း မဆက် လာတဲ့ အထိ ရက်စက်လွန်းပါသည်

Jongin ah ... Hyung က မင်းဘဝမှာ နေရာ တစ်နေရာ တောင် မရတဲ့ အထိ အရေး မပါခဲ့ တာလား !!!!!!!

Kyung Soo တစ်ယောက် ညက မိုးလင်းတဲ့ အထိ အိပ်မပျော်တာ ၃ ရက်ဆက်တိုက် မအိပ် ရသေးတာမို့ မျက်ကွင်းတာ ကျကာ လူက နေမကောင်းတဲ့ ရုပ်ပေါက်နေသည်

~ သား Kyung Soo နေမကောင်းဘူးလား

မေမေ က မေးတော့ သူ အသာ ခေါင်းယမ်းပြမိသည်

~ ညက Jongin ဆီကတောင် ဖုန်းလာသေးတယ် သူ အဆင်ပြေတယ်တဲ့

မေမေ အပြောကြောင့် Kyung Soo မျက်ရည် ကျမိသည်

~ သူ့ သားဆီ ကို ဖုန်းမဆက်ဘူး မေမေ

Kyung Soo အငို မျက်လုံး အပြုံး မျက်နှာ နဲ့ ပြောမိသည် ဘယ်လောက်တောင် လွမ်းနေသလဲ ဆိုတာ သူကိုယ်တိုင် သာ သိသည် ငယ်ငယ် တည်းက မျက်စိ အောက်က အပျောက် မခံ ဘဲ ချစ်ရတဲ့ ညီလေး မို့ သူ သည်းသည်း လှုပ် မိတာ အဆန်းလား ငယ်ငယ် ကတည်း က သူ့ရင်ခွင်ထဲ ကပ်ချွဲ ကာ သူ့ကို ဂျီကျတတ်သော ကောင်လေး ကား အခုတော့ အတော် ကို ပြောင်းလဲ သွားပြီ

My World Is You!!(Z+U) Where stories live. Discover now