အပိုင်း ၈

5K 664 84
                                    

အိမ်တစ်အိမ်လုံး မိုးလင်း ကတည်းက ဆူညံနေတာကြောင့် Kyung Soo အစောကြီး နိုးကာ ထကြည့် မိသည် မျက်နှာကို ကြည့်လိုက်တာနဲ့ ဘယ်လောက် အထိ ပျော်နေကြလည်း ဆိုတာ သိသာလွန်းသည်

မိုးလင်း ကတည်းက မီးဖိုခန်းထဲ တကုပ်ကုပ် နဲ့ Jongin ကြိုက်သည် များကို ချက်နေသော မေမေရယ်

သူ့ သားလေး ပြန်လာမှာမို့ Company ကို မသွားဘဲ အိမ်မှာ ပြင်စရာရှိတာ ပြင်နေသော ဖေဖေ

လှေကားပေါ် ကနေ သူဆင်းလာတာ မြင်တော့

~ သားကြီး ရေ အဆင်သင့် လုပ်ထားလေ Jongin ကိုသွားကြို ရမှာ

ဖေဖေ စကားကြောင့် သူသက်ပြင်း ချမိသည် Jongin အိမ်ကနေ သွားတာဒီကနေ ဆို ရက် အနေနဲ့ တွက်ရင် ၁၀၂၄ ရက် တိတိ ရက်ကိုတောင် အတိ အကျ မှတ်မိ နေတဲ့ သူက Jongin ကိုလေဆိပ်မှာကြိုဖို့တော့ မလိုက်ချင်ပေ

အနေဝေးလို့ စိမ်းသွား ကြတာလား ဒါမှ မဟုတ် Jongin နဲ့ သူ အခြေ အနေ က အရင် လို မဟုတ်တော့သည်မို့ ပြောင်းလဲသွားတာလားတော့ သူသေချာ မသိ

သူ့ဆီ ကို တစ်စက်လေးတောင် အဆက် အသွယ် မလုပ် သည့် Jongin ဒီကနေ့ ပြန်ရောက်တော့မည် ဆိုတာတောင် မေမေ တို့ ပြောကာမှ သူကြားလာရသည်

~ သားကြီးရေ ရေချိုးချည်လေ ခနနေ ရင်သွားမှာ

မေမေ ကပါ ထွက်လာကာပြောလေတော့ သူရေချိုး ရန် အပေါ် ကို ပြန်တက်ခဲ့သည် ရေချိုးပြီးတော့ သူ့ပုံရိပ် ကို မှန်ထဲ ကြည့်နေမိတာ အတော်ကြာ Jongin ရော ပြောင်းလဲသွားပြီလား ကျွန်တော့် ကို မြင်ရင်ရော သူ ဘယ်လို နေမလဲ?? အရင်က သေးညှက်လွန်းသော ကျွန်တော်က အခု ၃ နှစ် အတွင်းယောကျာင်္းလေး ဆန်လာသည် ကလေး ဆန်လွန်းသည် ဟု ထင်ရသော ဆံပင် အုပ်အုပ်လေးတွေ ကိုတောင် ခပ်တိုတို ညှပ်ထားသည် မဟုတ်လား

Jongin ကတော့ တစ်ချိန်က ကျွန်တော့ ဆံပင် တွေ ကို ကြည့်ကာ သဘော တကျ ဆွဲဖွ တတ်သေးသည် မဟုတ်လား

လေဆိပ် ကြိုချိန် ရောက်တော့ မေမေ တို့ နဲ့ အတူ ထွက်လာခဲ့သည် ကားလေး ထဲ ဆူညံနေရမည့် တိတ်ဆိတ်နေတာတာ့ တကယ် ထူးဆန်းသည်

~~~~~~~~******~~~~~~~~

~ မကြာမီ အချိန်အတွင်း လေယာဉ်ဆင်းသက်တော့မည် ဖြစ်ပါ သဖြင့်

My World Is You!!(Z+U) Where stories live. Discover now