အပိုင်း (၂၀)

5.2K 605 97
                                    

Jongin သူ Hyung လက်ဖဝါးလေးတွေ ကို စုပ်ကိုင် ထားရင်း ဘေးမှာရောက်လာတဲ့ ကောင်မလေး အား ကြည့် လိုက် မိသည်

ဖျက် ခနဲ့ တစ်ချက် အကြည့် တွက် ချစ်စရာကောင်း လွန်တာ ကိုတော့ သူ လက်ခံ ရမည်

~ အာ ဂျန်ဒီ ရ သူက လေ Oppa ရဲ့ ညီလေး

Hyung ပါးစပ် က ထွက်လာသည့် ညီလေး ဆိုတဲ့ စကား ကြောင့် Jongin ရင်တွေ ဝုန်းဒိုင်း ကြဲနေရသည်

~ Jongin ရ သူက Hyung ချစ်သူလေ ဂျန်ဒီ တဲ့ 

Hyung ရဲ့ မိတ်ဆက် ပေးတဲ့ စကား အဆုံး Jongin ရင်တွေ တင်းကျပ် လာရသည် နောင်တ တရားရယ် အကြောက် တရား ရယ်က ရင်ထဲ ကြီးစိုးလာလေတော့ ဟန်မဆောင် နိုင်လောက် အောင် ပင် မျက်နှာ က ပျက်ယွင်း လာသည်

ဘာကိုမှ ဂရု မပြု နိုင်လောက် အောင် အထိ ဖြစ်ကာ Hyung လက်မောင်း ကို အကြမ်းဆွဲ ခေါ် လာလေတော့ Hyung က ယက်ကန်ယက်ကန် နဲ့ ပါလာလေရဲ့

သေချာ ပါတယ် အဲ့ အချိန်မှာ Hyung ရော Hyung ကောင်မလေးရော နားမလည် မှု့တွေ ဖြစ်နေမယ် ဆိုတာ

~~~~~~~*******~~~~~~~

သူ့ကားဆီရောက်လေတော့ Hyung ကို ကား ထဲ ထည့် ကာ ခါးပတ် ကို ကိုယ်တိုင် ပတ်ပေး လိုက် သည် ပြီးတော့ သူကိုယ်တိုင် မောင်းသူ နေရာ ဝင်ထိုင် သည် အထိ Hyung က မျက်လုံး ဝိုင်း တွေ နဲ့သူ့ ကိုကြည့် နေတုန်း

ဒါပေမယ့်ဘေး ကို လည်း လှည့်မကြည့် နိုင်မျက်လုံး ထဲရစ်သီ လာတဲ့ မျက်ရည် တွေက Hyung မျက်နှာ ကို မြင်လိုက် တာနဲ့လျံ ကျ လာတော့ မယ် ဆိုတာ သူ သိသည်

ကား ကို အရှိန် နဲ့ မောင်းပြီး လူရှင်း ပြီး အရိပ် ရတဲ့ နေရာ ဆီ ရောက်လေတော့ကား ကို ထိုး ရပ် လိုက်သည်

ကားရပ် လိုက်တာနဲ့ တစ်ပြိုင် နက် ချုပ်တည်း ထား တဲ့ မျက်ရည်တွေ က လည်း သူ့အလိုလိုလျံ ကျ လာသည်

ကား စတီယာတိုင် ကို တဒုန်း ဒုန်းထုရင်း ရှိုက်ကြီး တငင်   ကလေး တစ်ယောက် လို သူ ငိုကြွေး မိတော့ သူ့ကျောပြင် ထက် အသာလေး လာရောက် ပွတ်သပ်ကာ နှစိသိမ့် ပေးတဲ့လက်တစ်စုံ

ခက်ချေပြီ လူဆိုတာက လည်း ချော့လေလေ ပိုငိုချင်လာလေလေ

စတီယာတိုငိ ပေါ်မျက်နှာ အပ်ထား ရာကနေ Hyung ဘက် မျက်နှာ လှညိ့ မိတော့ Hyung လက်ချောင်း လေးတွေက သူ့ မျက်နှာ ထက်က  မျက်ရည် စတွေ ကို လာရောက်သုတ်ပေးလေရဲ့

My World Is You!!(Z+U) Where stories live. Discover now