အပိုင်း(၁၆)

5.9K 775 132
                                    

ငါ ချစ်နေတာ ငါ့ အချစ်တွေက်ု အရူး လိုဘဲ မမြင်တဲ့ Kim Jongin ကို ချစ်နေတာ

ဟုတ်တယ် ငါ တကယ် ချစ်နေတာ Kim Jongin ဆိုတဲ့ မင်းလို အရူးကောင်ကို "

Kyung Soo အသက်တောင် မရှူ ဘဲ ဆက်တိုက် ပြောချ လိုက်သည် တကယ် တင်း ကျပ်နေပြီ သူ့ရင်ထဲ မှာ သူ့ရင်ထဲ မှာ ကြာရင် ပေါက်ကွဲ ထွက်တော့ မှာ တကယ် အရူး လိုဘဲ တစ်ဖက် သတ် အချစ် ဆိုတာ ဘယ်လောက် ပင်ပန်း ပြီး နာကျင် ရတယ် ဆိုတာ သူ အသိ ဆုံး

ပြောပြီးလေတော့ မျက်လုံးက မျက်ရည်တွေ တပေါက်ပေါက် ကျလာတာကြောင့် သည်းထန်စွာငိုကြွေး မိသည်

Jonginကတော့ အခုထိ မလှုပ် မယှက် မမျှော်လင့် ထား တာကိုကြားလိုက်ရတဲ့ အတွက် အံ့သြ နေပုံ

ပြီးမှ အသက်မပါ တဲ့ အကြည့် တွေနဲ့

~ Hyung ရူးနေတာ Hyung ရူးနေပြီ

~ ဟုတ်တယ် ငါ ရူးနေတာ Kim Jongin

~ဘာလို့လဲ ? ဘာလို့ ကျွန်တော့်ကို ချစ်ရတာလဲ? ကျွန်တော် တို့က ညီအစ်ကိုတွေလေ

Kyung Soo ပုခုံး ကို လှုပ်ရမ်းကာမေးလေတော့ Kyung Soo မျက်ရည်တွေ ကို သုတ်ရင်း

~ ဟုတ်တယ် ငါလည်း မသိဘူး ဘာလို့ မင်းလို အရူးကောင် ကို တစ်ဖက်သတ် ချစ်ရတယ် ဆိုတာ ပြီးတော့ ငါတို့က ညီအစ်ကို တွေ မဟုတ်ဘူး

Kyung Soo ပြောကာJongin အား စိုက်ကြည့် မိသည်

Jongin ကလည်း မျက်ရည်တွေ ကျလာရင်း

~ ကျွန်တော့် အတွက်တော့ Hyung က ကျွန်တော့် အကိုဘဲ ပြီးတော့ ကျွန်တော့် မှာ ဟယ်ဆိုးရှိတယ်

~ အင်းငါ သိတယ်

Kyung Sooပြောကာ ထွက်ခဲ့ သည် ရင်ထဲမှာ သိမ်းထား ရတာ ကြာပြီ မို့ ဖွင့်ပြောလိုက်ရတော့ အနည်းငယ် ပေါ့သွားသည် ဒါပေမယ့် ဒီ အရူးကောင် က သူ့ကို အားနာစိတ်လေး နဲ့တောင် ချစ်တယ် မပြောနိုင် တာ သူ ပြန်တွေးရင် ရှက်မိသည် သေချာပေါက် သူက အငြင်း ခံ လိုက် ရတာပင်

My World Is You!!(Z+U) Where stories live. Discover now