အပိုင်း (၁၉)

5.6K 681 55
                                    

အိမ်ကြီး ထဲ အတွေးများ စွာနဲ့ Jongin တစ်ယောက် ရူးချင်ချင် ဖြစ်နေတုန်း မေမေ ရဲ့ အခု ချက်ချင်း အိမ်ဘက် ထွက်လာခဲ့ ဆိုတဲ့ စကား သံကြောင့် Jongin ယိုင်နေတဲ့ ခြေလှမ်းတွေ နဲ့ အတူ အိမ်ဘက် ကူး လာခဲ့သည်

ဧည့်ခန်းထဲ ဝင်ဝင်ချင်း တွေ့လိုက် ရတဲ့ သူတွေကြောင့် Jongin ခြေလှမ်းတွေ တန့် သွား သည်

သူ ကြောင်ကာ ကြည့်နေမိသည်က WooBin Hyung တို့ မိသားစုကို

~ သေချာ နှုတ်ဆက်ပြီး တောင်းပန်းလိုက် Jongin သူက Kyung Soo လေး ရဲ့ မိဘတွေဘဲ

မေမေ ရဲ့ မျက်ရည် များ အကြား က စကား များကြောင့် Jongin လည်း မျက်ရည်တွေ ဝဲ လာရသည်

သူ သိတာပေါ့ မေမေ က Hyung ကို သူ့ထက်တောင် ပိုချစ်ခဲ့တယ် ဆိုတာကို

ဘယ်ကို ရောက်နေမှန်းမသိတဲ့ Hyung ရယ် Hyung ကို ပြန်ခေါ်ဖ်ု့ ရောက်လာတဲ့ သူ့မိဘတွေရယ် အကြား မေမေလည်း နှလုံး ကြေကွဲ နေလောက် ပြီလေ

~ ကျွန်တော် တောင်းပန်ပါတယ်

သူ မျက်ရည် တွေ ကျကာ ဒူးထောက် ကာ ထိုင် ချလိုက်သည် Hyung ကို ထွက်သွား စေခဲ့တဲ့ နာကျင် စေခဲ့တဲ့ တရား ခံက သူက လွဲလို့ ဒီနေရာ မှာ ဘယ်သူများ ဖြစ်နိုင် ပါ့ မလဲ

~ သားလေး Kyung Soo လေး ပျောက် သွား ကတည်း က အန်တီ က ရူ မတတ် ဖြစ်ခဲ့ ရတာ ဒါ ဒါပေမယ့် အန်တီတို့ စစ်ဆေး ကြည့်တော့ သားလေး က သေသွားပြီ ဆိုတဲ့ သတင် ဘဲ ရခဲ့တာလေ

Hyung မေမေ သည် အခုတော့ မေမေရဲ့ လက်တွေ ကို စုပ်ကိုင် ကာ မျက်ရည် များ အကြား က ပြောနေလေသည် သူကတော့ ဒူးထောက်နေရာ ကနေ မထမိ

ဟုတ်သည်  သူ့ ကို ဘယ်သူ ကမှ ထဖို့ မပြောသလို ဘယ်သူ ကမှလည်း အရေး မလုပ်ခဲ့ ဘူး မဟုတ်လား

~ တကယ်တော့ အိမ်မှာ နာနီ လုပ်တဲ့ အမျိုး သမီး က သားလေး ကို သိပ်ချစ်တာ အဲ့မှာ အန်တီ တို့က US ကို ပြောင်းမယ် ဆိုတော့ သူလည်း စိတ်သောက တွေ ရောက်ကုန် တယ် ထင်တယ် အဲ့မှာ  တစ်နှစ်တောင် မပြည့်သေး တဲ့ သားလေး ကို ပိုက်ပြီး အိမ်ကနေ ပြေးတော့ တာဘဲ အန်တီ တို့လည်း အမှု့တွေ ဖွင့် ပိုက်စိပ်တိုက် လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ဘူး ကံကောင်း ချင်တော့ တစ်လ အကြာ မှာ အန်တီ တို့ သတင်း တစ်ခု ရခဲ့တယ် အဲ့နေ့ သတင်း ရတော့ အသည်း အသန် လိုက်ခဲ့ပေမယ့် ထွက်ပြေး သွားတယ်တဲ့ ကံဆိုး ချင်တော့ သူ ထွက်ပြေး ပြီး လိုက်စီး တဲ့ Bus က ကားမှောက်ခဲ့တာ

My World Is You!!(Z+U) Where stories live. Discover now