အပိုင်း (၁၈)

6.6K 783 91
                                    

Hyung ရှိနေနိုင်မယ့် နေရာ Hyung နဲ့ သိတဲ့ သူတွေ ဆီ ကားတစ်စီး နဲ့ ပတ်ကာရှာပေမယ့် Hyung သတင်း အစ အန လေးတောင် မကြား ရ

မြစ်ကမ်းဘေး မှာ ကား ကို ထိုးရပ် ရင်း စိတ်ထဲ တင်းကျပ် လာကာ ရင်ဘတ် တစ်ခုလုံး အောင့် တက်လာလေတော့ ကား လက်ကိုင် ကို တဘုန်းဘုန်း ထုရင်း မျက်ရည် တွေ ကျလာ မိသည်

သူ့ရည်းစား ဖုန်းခေါ်နေတာ ကိုလည်း သူသိပေမယ့် မကိုင်နိုင်

သူ့ စိတ်ထဲရော သူ့ နှလုံးသားထဲရော ရှိနေသည်က Hyung တစ်ယောက်သာ

Hyung ထွက်သွားတာကို တစ်ယောက်ယောက် တော့ သိနိုင် သည်

Baekhyun Hyung လား Woo Bin Hyung လားပင်

ချက်ခြင်း တွေးမိသွားသည် နဲ့ တစ်ပြိုင် နက် ကား စက်နှိုးကာ သူဦးတည် ရာက Baekhyun Hyung ဆီ

~ Hyung !!!

ကားကို ဖြစ် သလို ရပ်ထား ခဲ့ ရင်း ဆိုင်ထဲ အပြေး ဝင်ကာ အော်ခေါ်မိလေတော့ အကုန်လုံး က သူ့အား ထူးဆန်းသလို ကြည့်နေလေရဲ့

~ Jongin??? ဒီနေ့ Kyung Soo မလာဘူးလေ

သု့ကို မြင်သည် နဲ့ ပြောလိုက် တဲ့ Baek Hyun Hyung စကားတွေက သု့ရင်ဘတ် ထဲ မိုးကြိုး တွေ ပစ်သွား သလို လို

Hyung တို့ မသိကြသေး ဘူး ထင်တယ်

သူ ပြောပြ ရင် ကောင်း မလား စောင့် ကြည့် ရမလား ဆိုတဲ့ စိတ်နဲ့ ဆိုင် အဝ က ရပ်နေရာ နေရာ မှာပင် ရပ်နေမိသည်

~ Kim Jongin မင်း

နောက်ကနေ ရုတ်တရက်ကြီးရောက် ချ လာကာ သူ့အား ထိုးချ လိုက်သည့် Sehun ကြောင့် အကုန် လုံး ကြောင်သွားလေရဲ့

~ ငါ ငါ

သူ Sehun မျက်လုံး တွေ ကို ကြည့်ရင်း တစ်ခုခု ကို အဖြေ ရှာဖို့ ကြိုးးစားနေစဉ် မှာပင်

~ ထွက်သွားပြီ Hyung ထွက်သွား ပြီ အဲဒါ မင်းကြောင့်

သူ့ရင်ဘတ် ကိုတွန်းရင်း ပြောသည့် Sehun ကြောင့် သူ မော့ မကြည့်ဘဲ ခေါင်း ကို ငုံ့ထား မိသည်

Sehun က သိနေတယ်လားး!!!!!

~ Hyung က ငါဆီ ဖုန်း ဆက်တယ် သူ မရှိတဲ့ အတွင်း မင်း ကိုဂရုစိုက် ပေးပါတဲ့ !!! Hyung က မင်း ကို သိပ်ချစ် ခဲ့တာ !! အမှန်ဆို မင်း ကို ချစ်လွန်း လို့ သူက လက်ထပ် ပွဲတောင် လက်မခံ ချင်ခဲ့ဘူး မင်း စ်တ်ဆင်းရဲ မှာ စိုးလို့ ဒါပေမယ့် အန်တီ ကြောင့် သူ လက်ခံ ခဲ့တယ် သူတွေးခဲ့တာ က လက်ထပ်ပြီးရင်တော့ စိတ်တွေ ပြောင်းလဲ လာပြီး မင်း က သူ့ကို အကို တစ်ယောက် ထက် ချစ်လာမှာပါ ဆိုပြီး

My World Is You!!(Z+U) Where stories live. Discover now