~ မနေ့က မှ သိတဲ့ သူတစ်ယောက် ခေါ်တာ ကို Hyung က ဘာလို့ လိုက်သွားရတာလဲ
~ အမယ်လေး Jongin ရယ် မင်း Woobin Hyung ကို မသိဘူးလား သူက ဘယ်လောက် အထိ နာမည်ကြီးပြီး ကောင်မလေးတွေ အကြား ရေပန်းစားတယ် ဆိုတာကို ပြီးတော့ သူက သဘော ကောင်းတယ် အရမ်းလည်းနူးညံ့တယ်
~အဲဒါက ကျွန်တော်က ဘာလုပ်ရမှာလဲ
Jongin သူ ဆူပုတ်ပုတ် နဲ့ ပြန်မေးကာ Hyung အနောက်ကနေ လိုက်လာခဲ့သည် Hyung ကတော့ သူ တက်လာ ကို သေချာ ဂရု မစိုက် သလို အာရုံလည်း မထား
သူ့ကို တစ်ချက် လှည့်ကြည့်ကာ
~ ရှာကြံပြီး ရစ်နေတယ် အိပ်ချင် ရင် အိပ်ချည် တော့ Hyung လည်း နားတော့ မှာ
သူ့ကိုတောင် နှင်နေကာ အခန်း တံခါး ကိုလည်း ဆွဲပိတ်ဖို့ ကြံနေတဲ့ Hyung ကြောင့် သူ စိတ်ရှုပ်ရှုပ် နဲ့ သူ့ ဆံပင်တွေ ကိုလက်ချောင်းတွေ နဲ့ ထိုးဖွလိုက်သည်
~ ကျွန်တော် သဘော မကျ ပါဘူး ဆို
~ Hyung က သဘော ကျတယ်ဆိုရင်ရော
သူ့ကို စသလိုလို နဲ့ပြောကာ အခန်း တံခါး ကို ဆွဲပိတ် သွားတာကြောင့် Jongin မှာ စိတ်တွေ ရှုပ်ထွေး လာရသည်
~ Hyung ! Hyung ကျွန်တော် ပြောနေတာ မပြီးသေးဘူးလေ
သူ အခန်း တံခါး ကို ထုရင်း ပြောပေမယ့်
~ Hyung နားတော့ မယ်
ဆိုပြီး အခန်း ထဲကနေ Hyung ရဲ့ အော်ပြော သံကြောင့် သူ့ရင်ထဲ နင့်ခနဲ့
တစ်ခါ မှ Hyung က သူ့ကို တံခါး မဖွင့်ဘဲ မနေဘူးတာ
ဟိုး တချိန် က သူတို့ စိတ်ကောက် နေရင်တောင် Hyung က ဆူပုတ်ပုတ် နဲ့ လာဖွင့် တတ်တာ
အခုတော့ Hyung ပြောင်းလဲသွားသည်
သူလည်း အခန်းဝကနေ လှည့်ထွက်ပြီး သူ့ အခန်း သူ ပြန်လာ ခဲ့သည်
နှစ်ယောက် အိပ် ခုတင်ကြီးပေါ် တစ်ယောက်တည်း အထီးကျန်စွာ ပစ်လှဲရင်း အခန်း နံရံ မှာ မေမေ ကိုယ်တိုင် ကပ်ထား ပေးတဲ့ မင်္ဂလာဆောင် ဓာတ်ပုံ ကြီး ကို မော့ကြည့်ကာ မျက်စောင်းထိုးလိုက်သည်