အပိုင်း(၂၁)

5.5K 664 126
                                    

~ ကျစ် Jongin ရယ် ဘာလို့ ခေါင်းမထောင် နိုင်လောက်အထိ သောက်နေရတာလဲ!!!!!

Hyung အသံ တိုးတိုး ကို ကြား လိုက် သည်နဲ့ ငိုက်ကျနေငော Jongin ခေါင်းလည်း အလိုလို မတ် လာကာ မှိတ်ကျနေသော မျက်လုံး ကို ပြူးပြဲ ကာ ဖွင့် မိသည်

မျက်လုံးထဲ ဝိုးတဝါး လေး မြင်ရတဲ့ အရိပ်ကို တွေ့သည် နဲ့ မျက်ရည် က ပေါက်ခနဲ့

~ ကျွန်တော့် ရင်တွေ အရမ်း ပူနေတာ ဒီ ရင်ဘတ် ကြီး က ပေါက်ထွက်တော့ မယ် ထင်တယ် Hyung ရဲ့

ရင်ဘတ် ကို တဒုန်းဒုန်း ထုရင်း ငိုမိလေတော့ Hyung လက်တွေ က သူ့ ကျောပြင် ကို လာရောက် ကာ အသာလေး ပွတ်ပေး လေသည်

Hyung အသံ တိုးတိုး ကို ကြား လိုက် သည်နဲ့ !!!!

သူ ခပ်တိုးတိုး ပြောရင်းHyung ကို ဆွဲဖက် ကာ ရင်ထဲ တင်းကျပ်နေအောင် ဖက်ထား မိလေတော့ Hyung လက်တွေ က သူ့ကျောပြင် ကို ဖက်တွယ် လာလေသည်

~ Jongin ရယ် နောင်တ ဆိုတာလေ အဲ့ အရာ က မကောင်း ဘူး Jongin ရဲ့

Hyung က ပြောရင်း မျက်ရည် ကျ တာ ကို မြင်လိုက် ရတော့ သူ ရူး သွားရင် ကောင်းမည် ဟု တွေးမိသည်

အချိန်တွေ နောက်ပြန် ဆုတ် လို့ ရရင် အကောင်း သား

ခေါင်းမာ လွန်း တဲ့ Hyung က ရှေ့ဆက် တိုး ဖို့ သေချာ နေသည်

ဖိတ်စာတွေ တောင် ဝေဖို့ အဆင်သင့် ဖြစ်နေပြီတဲ့!!

ကွာရှင်း ခွင့်လည်း တင်ထား ပြီး တာမို့ သူ က ရုံးတော်မှာ ရှုံးနိုင်ဖို့ အလား အလာ ရှိ တယ်တဲ့

ရက်စက် တယ် Hyung လို့ မပြောချင်ပေမယ့် ပြောရဦးမည်

~~~~~~~~******~~~~~~~~

~ ထ ထ လာ

ခေါင်းငိုက် ကျနေတဲ့ သူ့ကို Hyung က ဆွဲ ထူ ရင်း အပေါ် ထပ်ကို တက်ဖို့ ပြင်နေလေသည်

~ ပြန်စဉ်းစား ပေးလို့ မရဘူး လား Hyung ရယ် ကျွန်တော် Hyung ကို ချစ်တယ်

~ ဒီ စကား တွေက ဟိုး အစ ထဲက ပြောခဲ့ ရမှာလေJongin ရယ်

Hyung ဆီက ခပ်တိုးတိုး ပြောသံ ကြား လိုက်တော့ ရင်ထဲ ဆူး ခနဲ့

My World Is You!!(Z+U) Where stories live. Discover now