Chapter 32

45.6K 3.5K 530
                                    

"ရှင်းခ လာဦးသား..."

အလုပ်မှအပြန် အိမ်ထဲလှမ်းဝင်လိုက်သည်နှင့် လှမ်းခေါ်လာသော မိခင်၏ ခေါ်သံကြောင့် နေရှင်းခ ဧည့်ခန်းသို့ ဆက်လျှောက်လာခဲ့သည်။ မိခင်ဖြစ်သူနှင့်အတူ ထိုင်နေသည်က ရှေ့နေ ဦးကျော်အေး။

"အန်ကယ် ဘယ်တုန်းကရောက်လဲ.."

"အခုနလေးတင်ပဲ နေရှင်းခ.. မင်းရော အလုပ်ကပြန်လာတာလား.."

"ဟုတ်ကဲ့.."

နေရှင်းခ ဦးကျော်အေးရှေ့တွင် ၀င်ထိုင်လိုက်သည်။ ဘေးဘီဝဲယာကို လှမ်းကြည့်နေသော ဦးကျော်အေး မျက်လုံးများက တစ်ယောက်ယောက်ကို ရှာဖွေနေသလို။

"သတိုးခန့် ရှိလားမသိဘူး..."

ဒေါ်မေချို မျက်မှောင်ကြုတ်သွားသည်။ ဦးကျော်အေးသည် ဒေါ်မေချို၏မိခင်ဖြစ်သူ ဒေါ်မေတင်၏ ရှေ့နေတစ်ယောက်။ သတိုးကို မေးလာစရာအကြောင်းမရှိ။

"သတိုး..."

နေရှင်းခ အိမ်ခန်းထဲသို့လှမ်းခေါ်တော့ မီးဖိုခန်းရှိရာမှ သတိုးထွက်လာသည်။ အငွေ့တလူလူနှင့် အဖြူရောင် မယ်လမင်း ကော်ဖီခွက်ကို ဦးကျော်အေးရှေ့ သတိုးချပေးလိုက်သည်။

"အန်ကယ်.. ကော်ဖီသောက်ပါဦး...."

"ထိုင်ဦး သား.. အန်ကယ် မင်းဆီကိုလာတာ..."

"ဗျာ.. ကျွန်တော့်ဆီလာတာ.."

"ဟုတ်တယ်.. အဖွားရဲ့သေတမ်းစာအရ မင်းဆီလာခဲ့တာ သတိုး.."

ဒေါ်မေချို ရယ်လိုက်သည်။

"ကိုကျော်အေး မှားနေပြီ.. သတိုးက မိသားစုဝင်မဟုတ်ဘူး..."

"ဒေါ်မေတင်ရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ဖို့က ကျွန်တော့်တာဝန်မို့လို့ပါ ..မမချို.. နားလည်ပေးပါ.."

"ဘာ.. ဘာကိုဆိုလိုတာလဲ ကိုကျော်အေး.."

ဒေါ်မေချို မျက်နှာမှာ ပြင်မရအောင် ပျက်နေပြီဖြစ်သည်။

"အဖွားရဲ့ သေတမ်းစာထဲမှာ သူ ပိုင်တဲ့ အိမ်နှစ်လုံးကို နေရှင်းခနဲ့ သတိုးကို တစ်ယောက်တစ်အိမ်စီ အမွေထားခဲ့ပါတယ်.."

"ရှင်..."

ဒေါ်မေချို ခေါင်းတည့်တည့်ကို မိုးကြိုးပစ်ချခံလိုက်ရသလို..

ကြယ်တွေကြွေသောညWhere stories live. Discover now