Sequel 32 (Unicode)

15.1K 1.4K 49
                                    

အရှိန်အဝါပြည့်သော ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်တုကိုလှမ်းမြင်ကတည်းက သူ မှားပြီဆိုတာကို ထက်ဝေယံ သေချာသိလိုက်သည်။ အမျိုးသားပြတိုက် ဆိုသည့် ရွှေရောင်စာလုံးများသည် တောက်ပသောနေရောင်အောက်မှာ ထည်ဝါနေသည်။ ပြတိုက်ကားပါကင်မှာ ကားထိုးရပ်ပြီးသည့်တိုင် မျှော်လင့်ချက်အပြည့်ဖြင့် သူ့ဘေးမှ ရဲသွေးငယ်ကို ထပ်မေးရသည်။

"ရဲသွေး.. မင်း တခြားနေရာကို တကယ် မသွားချင်ဘူးလား။"

"မသွားချင်ဘူး။"

"ဒီမှာပဲ တစ်နေကုန်နေမှာလား။"

"ဒါပေါ့ဗျ.."

ထက်ဝေယံ မိမိကိုယ်ကိုသာ တီးတိုး ပြန်လည်ကျိန်ဆဲနေရတော့သည်။ ဒီနေ့ သူ့မွေးနေ့မို့ တစ်နေရာရာအတူတူ သွားရအောင်ဟု ရဲသွေးငယ် ပြောလာတုန်း ထက်ဝေယံ ဝမ်းသာအားရ လက်ခံခဲ့သည်။ အအေးခန်းစားသောက်ဆိုင်တစ်ခုခုမှာ နေ့လယ်စာ စားကာ ဘီယာသောက်ဖြစ်လိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။

အခုတော့....

ရဲသွေးငယ် သွားရောက်လည်ပတ်ရန် ရွေးချယ်သည့်နေရာသည် အမျိုးသားပြတိုက် ဖြစ်နေသည်။ ဒီနေရာရောက်မှ 'မင်းမွေးနေ့ပဲ.. မင်း သွားချင်တဲ့နေရာ သွားလေ' ဟု ပြောခဲ့မိသည့် ကိုယ့်ပါးစပ်ကိုသာ ကိုယ်ပြန်ရိုက်ချင်တော့သည်။ အမျိုးသားပြတိုက်ဆိုတာ သူ သိသည်မှာ လမ်းပြမှတ်တိုင်လို နေရာမျိုးဖြစ်သည်။ နေရာမသိလို့ လမ်းညွှန်ရသည့် နေရာတစ်ခုဟုဟာ ထက်ဝေယံ သိသည်။ ဒီလို လာရောက် ကြည့်ရှုလေ့လာရမည့်နေရာဟု သူ မှားယွင်း၍ပင် မတွေးမိခဲ့။

မြင့်မားသော အုန်းပင်စိမ်းစိမ်းနှစ်ပင်သည် ပြတိုက်ဝင်းထဲမှာ ရှိနေသည်။ ၎င်းတို့နှင့် မလှမ်းမကမ်းတွင်မူ အနက်ရောင်မှန်များကာထားသော ကော်ဖီဆိုင်လေး။ မနက်စောသေးပေမယ့် ပူပြင်းတောက်လောင်နေသော နေရောင်အောက်မှာ မှန်လုံပိတ်ထားပြီး အဲယားကွန်းစက်သံသာ မှန်မှန်ထွက်ပေါ်နေသည်။

"မင်းဘာသာမင်း တစ်ယောက်တည်း ဝင်ကြည့်ပါလား။ ငါ ဒီဆိုင်မှာ ကော်ဖီသောက်ရင်း စောင့်မယ်လေ။"

ကြယ်တွေကြွေသောညWhere stories live. Discover now