Part 30 (Unicode)

24.5K 2.3K 147
                                    

မှိတ်တုတ်လင်းသော ကြယ်များသည် ကောင်းကင်ထက်မှာ လင်းလက်နေသည်။ အဝေးမှ မော်တော်စက်သံက ညအမှောင်မှာ ထွက်ပေါ်လာနေသည်။ နေရှင်းခ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မည်။ သူ့ပခုံးကိုဖိထားသော သတိုးလက်များကို အတင်းဆွဲဖယ်နေမိသည်။

"သတိုး.. မင်း ဖယ်စမ်း။"

သတိုးမဖယ်ပေး။ နှစ်ယောက်စလုံး ကုတင်ပေါ်မှ ဝုန်းခနဲပြုတ်ကျသွားသည်။ နေရှင်းခ လှိမ့်ထွက်ပေမယ့် သတိုး နောက်တစ်ကြိမ်လှိမ့်ကာ သူ့ကိုယ်ပေါ်ရောက်နေသည်။

တံခါးခေါက်သံတစ်ခု...

"ရှင်း..."

Yi Ling ၏ ခေါ်သံက တံခါးဝမှ ထွက်ပေါ်လာသည်။

မထင်မှတ်ထားသော ခေါ်သံကြောင့် နေရှင်းခ တစ်စက္ကန့်မျှ ငြိမ်သက်အံ့သြသွားသည်။

တစ်စက္ကန့်ပင်ဖြစ်သည်။

ဒါပေမယ့် သူ့နှုတ်ခမ်းများကို သတိုး ငုံ့နမ်းလာသည်။

ကြမ်းတမ်းလွန်းသောအနမ်းများဖြစ်သည်။

သူ့နှုတ်ခမ်းတွေ ပူလောင်သွားသည်။ စုပ််ယူသည်ထက်ပိုသော ၀ါးမြိုမှုတစ်ခု။

အသက်ရှူလို့မရလောက်အောင်...

ပူလောင်သောအသိက နေရှင်းခ အသိများကို ကင်းလွတ်သွားစေသလို...

သူပြန်လည်သတိရချိန်မှာ သတိုး၏နှုတ်ခမ်းများကို နမ်းနေသူသည် သူကိုယ်တိုင်ဖြစ်နေသည်။

သူ သတိုးနှုတ်ခမ်းများကို မလွှတ်တမ်းနမ်းနေသည်။

ငတ်မွတ်လွန်းသော ရေဆာနေသူတစ်ယောက်လို..

မွန်းသိပ်လွန်းနေသော ဒေါသများဖြင့် နမ်းရှုပ်မိခြင်းဖြစ်သည်။

သူ့ရှပ်အကျီီအနားစနှစ်ခုကို သတိုး လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ဆွဲဖြဲလိုက်ချိန်မှာတော့ နေရှင်းခ ရေနစ်နေရာမှ ရေပေါ်ပြန်ရောက်လာသူလို ထိတ်လန့်စွာ အသက်ရှူမိသည်။

"သတိုး.. မင်းတော်တော့။"

သတိုး ခေါင်းခါသည်။

"မရဘူး ရှင်းခ။"

"ဟေ့ကောင်...မင်း သေချင်နေလား။"

ကြယ်တွေကြွေသောညWhere stories live. Discover now