Part 14 (Unicode)

25.9K 2.6K 92
                                    

ခြံနောက်ရှိ ပိတောက်ပင်ကြီးနှစ်ပင်စလုံး ပိတောက်ပန်းတို့ ထိန်ထိန်ဝါအောင် ပွင့်နေကြသည်။ တစ်ပင်လုံးကိုင်းညွတ်နေအောင် ပွင့်ဖူးနေသော ပိတောက်ဝါများကြောင့် အစိမ်းရောင် သစ်ရွက်သစ်ခက်များပင် မြင်ကွင်းမှပျောက်ကွယ်ချင်နေသည်။ ပိတောက်ချစ်သူတိုင်း စောင့်မျှော်ရသော ပိတောက်ပွင့်ချိန်သို့ ရောက်လာပြီဖြစ်သည်။ တစ်ခုပဲရှိသည်။ သင်္ကြန်မတိုင်မီကတည်းက ဖူးပွင့်နေသော ထိုပိတောက်ပန်းများသည် တောင်ကြီး ပြန်ခါနီးစိတ်ရှုပ်နေသော နေရှင်းခကို ပိုပြီးစိတ်ပျက်သွားစေသည်။

"ရှင်းခ..."

"ဘာလဲဟာ ယမုံ။"

"နင်ဘာလို့ ပြတင်းပေါက်ကို မကျေမနပ် စိုက်ကြည့်နေတာလဲ။"

"ဘယ်သူက ပြတင်းပေါက်ကိုကြည့်နေလို့လဲ။ ပိတောက်ပင်ကိုကြည့်နေတာ။ မိယမုံ.. နင် ငါ့အိပ်ရာပေါ်တက်နေရင် အစားမစားနဲ့ကွာ။"

ယမုံ့လက်ထဲမှ နေကြာစေ့ထုတ်ကို နေရှင်းခ ဆွဲဖယ်လိုက်သည်။ နေကြာစေ့ခွံတစ်ချို့ ခေါင်းအုံးပေါ်ရှိနေသည်သောကြောင့် သူ စိတ်တိုချင်သွားသည်။ ယမုံသည် မိန်းကလေးပေမယ့် စည်းကမ်းမရှိ။ သူ့အခန်းလာချိိန်တိုင်း ဗြောင်းဆန်အောင် သူမစိတ်တိုင်းကျနေတတ်သည်။ စာအုပ်များကို ယူဖတ်ပြီး နေရာတကျ ပြန်မထားတတ်။ အဝတ်အစားများကို သူမ ကြိုက်တာတွေ့လျှင် ယူဝတ်ကာ ကြမ်းပြင်ပေါ်ပုံချသွားတတ်သည်။ အခုလည်း ကုတင်ပေါ်တွင် နေကြာစေ့စားနေကာ အခွံတစ်ချို့ ကျနေပြန်ပြီဖြစ်သည်။

"ရှင်းခရာ.. နင်ဟာလေ.. နင့်အမေ ပေါက်စ ကျနေတာပဲ။"

ဒေါ်မေချို ခရီးထွက်နေချိန်မို့ ယမုံ ဒီလောက် ခပ်ကျယ်ကျယ် အော်ပြောရဲခြင်းဖြစ်သည်။ ပညာရှိနည်းအတိုင်း စကားချိုချိုဖြင့် အသားနာအောင် ပြောတတ်သော ဒေါ်မေချို့ကို သူမလည်း ကြောက်ရသည်ပဲဖြစ်သည်။ ယမုံ တင်ပလ္လင်ချိတ်ထိုင်နေရာမှ နေရှင်းခ ကုတင်ပေါ်မှ ခေါင်းအုံးကို လှမ်းယူလိုက်သည်။ ခေါင်းအုံးအောက်တွင်လည်း နေကြာစေ့ခွံတစ်ချို့ရှိနေသည်။

"ကြည့်စမ်း ငါ့အိပ်ရာတစ်ခုလုံး အမှိုက်ချည်းပဲ။"

"အေးပါဟာ။ ငါ ပြန်ရှင်းပေးပါ့မယ်။"

ကြယ်တွေကြွေသောညWhere stories live. Discover now