Part 11 (Unicode)

26.9K 2.6K 23
                                    

"ရှင်းခ...သွားရအောင်လေ.."

အခန်းပေါက်ဝမှာ ကျောင်းစိမ်းဝတ်စုံနှင့် အဆင်သင့်ဖြစ်နေသော သတိုးကိုကြည့်ရင်း နေရှင်းခ ရယ်ချင်သွားသည်။ သတိုးဝတ်ထားသော ကျောင်းစိမ်းပုဆိုးသည် ကြမ်းပြင်ပေါ်တွင် တရွတ်တိုက်ဆွဲရနိုင်လောက်အောင် ပုံကျနေသည်။ ဘာစိတ်ကူးပေါက်မှန်းမသိ။ သူရောက်လာပြီးမှ အရင်ပုံရိုးဖြင့်နေတတ်သော သတိုးသည် ဆံပင်ညှပ်ဆိုင်သို့ သွားခဲ့သည်။ ဖြောင့်စင်းသော ဆံပင်များကို ဘေးနှစ်ဖက်တွင်ပါးနေအောင်ရိတ်ကာ ရှေ့မှာတော့ ဘေးတစ်ခြမ်းစောင်းခွဲညှပ်လာခဲ့သည်။ နက်မှောင်သော တစ်ခြမ်းစောင်းဆံပင်တစ်ချို့မှာ သတိုး၏ မျက်စိတစ်ဖက်ကို ဖုံးချင်နေသည်။ မျက်မှန်သည်လည်း တပ်နေကြဖြစ်သော အဝိုင်းပုံစံမဟုတ်တော့။ အပြာရောင် ကိုင်းနှင့် ထောင့်မှန်စတုဂံပုံကို ပြောင်းတပ်ထားသည်။ မီးခလုတ်ကို ဖွင့်လိုက်သည်ဖြစ်၍ ကျိန်းစက်သွားသော မျက်လုံးများကို နေရှင်းခ လက်ဖြင့်ကာလိုက်သည်။ သူ့ဘေးနားမှ သတိုးကို ခေါင်းထောင်ကြည့်ပြီးမှ ခေါင်းအုံးပေါ်ပြန်လှဲချလိုက်သည်။

"စောပါသေးတယ် သတိုးရာ။"

"မင်းပဲ ငါ့ကိုကျောင်းလိုက်ပို့မယ်ပြောပြီးတော့။"

ခြုံထားသော စောင်ကို ဆွဲဖယ်လိုက်သည်မို့ စိမ့်ခနဲ ချမ်းသွားသည်။ နေရှင်းခ ကျွတ်တစ်ချက်စုတ်ရင်း သတိုးကိုခြေထောက်နှင့်မနာအောင် လှမ်းကန်သည်။

"ညက ငါအိပ်မရတာ မင်းကြောင့်။"

"ဘာဆိုင်လဲ။"

"မင်းသာ စာရရင် ဒီလောက် ညည့်နက်အောင် ငါ သင်ပေးနေစရာမလိုဘူး။"

"မသင်ပါနဲ့လား။ မင်း စာမသင်ရင် ငါက ကျေးဇူးတောင် တင်သေးတယ်။"

"ရမလားကွ။ မင်း စာမေးပွဲကို ကျွမ်းပြန်အောင် ကျသွားမယ်။"

နေရှင်းခ ကုတင်ပေါ်မှ အိပ်ချင်မူးတူး ထထိုင်ကာ အညောင်းဆန့်လိုက်သည်။ နောက်တစ်ကြိမ် သူ့ရှေ့မှ သတိုးကို လှမ်းကြည့်ကာ မယုံနိုင်စွာ ခေါင်းခါမိသည်။ ဆံပင်ပုံစံနှင့် မျက်မှန်ကိုင်းတစ်လက်သည် ဒီလောက်ပုံစံပြောင်းသွားစေနိုင်သည်ကို သူ မယုံနိုင်။ ငယ်စဉ်ကလို ပိန်လှီမနေတော့ဘဲ အနည်းငယ်ပြည့်ဖြိုးလာသည်လည်း ပါမည်ထင်သည်။ ဘာပဲဖြစ်ဖြစ် သတိုးသည် သူသိထားသော ကလေးတစ်ယောက်မဟုတ်တော့ဘဲ ကြည့်ကောင်းလွန်းသော ဆယ်ကျော်သက်ကောင်လေး ဖြစ်နေသည်ကိုတော့ နေရှင်းခ မဝန်ခံ၍မရ။

ကြယ်တွေကြွေသောညWhere stories live. Discover now