Part 26 (Unicode)

22K 2K 37
                                    

မြင့်မားသော ကောင်းကင်ထက်မှာ လေယာဉ်ပျံသည် အရှိန်ပြင်းစွာ ပျံသန်းနေသည်။ အဖြူရောင် တိမ်စုပ်တိမ်စိုင်များသည် မြူခိုးငွေ့များအဖြင့် လေယာဉ်ပတ်ချာလည်တွင် လွင့်ပါးမြောပါနေကြသည်။

"Coffee or tea sir"

"သတိုး ကော်ဖီလား။"

ထက်ဝေယံ၏အမေးကို သတိုး ခေါင်းညိတ်ဖြေလိုက်သည်။

"Coffee please..."

လေယာဉ်မယ်လေး ကမ်းပေးလာသော တစ်ခါသုံး ကော်ဖီခွက်ကို ထက်ဝေယံ လှမ်းယူကာ သတိုးလက်ထဲ ထည့်ပေးလိုက်သည်။ သကြားထုပ်နှင့် နှို့မှုန့်ထုပ်ကို ဖောက်ထည့်ကာ ပလတ်စတစ် တုတ်ငယ်နှင့် ပတ်ချာလည် မွှေရင်း သတိုး လေယာဉ်ပြတင်းပေါက်မှ အပြင်ဘက်ကို ငေးကြည့်နေသည်။

ယနေ့သည် ထက်ဝေယံ မွေးနေ့ဖြစ်သည်။ မွေးနေ့လက်ဆောင်အဖြစ် မိခင်ဖြစ်သူက ထက်ဝေယံနှင့် သတိုးအတွက် စင်္ကာပူရှိ universal studio ကစားကွင်းလက်မှတ်နှင့်အတူ သုံးညအိပ် လေးရက်ခရီးတစ်ခုကို လက်ဆောင်ပေးလာခဲ့သည်။ ကြားကြားချင်း သရဲတစ္ဆေအခြောက်ခံရသလို သတိုး ကြောက်လန့်သွားခဲ့သည်။ မလိုက်နိုင်ဟု ခါးခါးသီးသီး ငြင်းသည်။ ဒါပေမယ့် သတိုးနှင့်အတူ သွားချင်လွန်းလှသည့်အတွက် ထက်ဝေယံ အတန်တန်တောင်းပန်ခဲ့သည်။ နောက်ဆုံး မိခင်ဖြစ်သူ၏ အကူအညီကိုယူကာ ဒေါ်မေချို၏ တွန်းအားဖြင့် သတိုးကို ရအောင် ခေါ်လာခဲ့သည်။

တကယ်တော့ သူ သတိုးနှင့်အခုလို နှစ်ယောက်တည်း ခရီးထွက်ချင်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ စင်္ကာပူမှာ နေရှင်းခ ရှိနေသည်ကို ထက်ဝေယံ သိသည်။ ဒါပေမယ့် နေရှင်းခ ဆိုသည့်အမည်ကို သူ မေ့ထားခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။ ကျယ်ဝန်းသော ဒီမြို့မှာ နေရှင်းခနှင့် တွေ့စရာမရှိသလို မပတ်သက်ပါဟု သတိုးကို သူ ကတိပေးထားခဲ့သည်။ တကယ်လည်း ထက်ဝေယံ မပတ်သက်ချင်ပါ။ သတိုးသာ သူ့အနားမှာရှိနေလျှင် သူ ဘယ်အရာကိုပဲ ဖြစ်ဖြစ် မေ့နိုင်နေပြီဖြစ်သည်။

ကော်ဖီခွက်အနားကို လက်ညှိုးထိပ်ဖြင့် ခပ်ဖွဖွ ပတ်ချာလည်ထိရင်း အပြင်ကို ငေးကြည့်နေသည့် သတိုး၏ တခြမ်းစောင်းမျက်နှာကို ထက်ဝေယံ စူးနစ်စွာ ငေးကြည့်မိသည်။

ကြယ်တွေကြွေသောညWhere stories live. Discover now