အပိုင်း(၁)

197K 10.9K 210
                                    

နှင်းမြူရေးရေးကြား တသုန်သုန်တိုက်ခိုက်နေ
သောလေပြေတွေ။ ရန်ကုန်တိုင်းဒေသကြီးထဲမှ
အစိတ်အပိုင်းဖြစ်သော်လည်း မြို့တွင်းနဲ့လှမ်း
သော တောရိပ်တောင်ရိပ်ကြားက ဓမ္မဒူတ ယဉ်ကျေးလိမ္မာကျောင်းဝင်းထဲ ကားရောင်စုံနဲ့ မနက်ခင်းဝေလီဝေလင်းထဲ တက်ကြွနေသည်။

ကျောင်းဝင်းထဲ ကားချိုးကွေ့ဝင်လိုက်သည်နှင့်
သက်တူရွယ်တူများ၏ အသံမျိုးသံ ဆူဆူညံညံ
မေမေ့ကို မော့ကြည့်တော့ မေမေ၏ စိုးရိမ်ရိပ်
ပြည့်နေသော မျက်ဝန်းများနှင့် ဆုံသည်။

ကိုယ်နှင့်ရွယ်တူလေးတွေများကြီးတွေ့နေရပေ
မယ့်ပျော်စရာကောင်းမည်ဟူလည်း မတွေးမြင်။
မေမေ့လက်ကိုသာ တင်းတင်းဆုပ်ကိုင်ထားရင်း
နောက်ဆုံးအကြိမ်အဖြစ် အားကိုးတကြီးမော့
ကြည့်မိသည်။
ဒီတစ်ခါ ကျွန်တော့်အကြည့်ကိုနားလည်သော
မေမေက ရှေ့ခန်းမှဖေဖေ့ကို လှမ်းကြည့်သည်
ဖေဖေက ကျတော်တို့သားအမိနှစ်ယောက်ကို
စိတ်မဝင်စား။အမျိုးအစားစုံ ကားတွေကြားမှ
သူ့၏ ဆလွန်းကားလေးအား ပါကင်ထိုးရန်သာ
ဆိုင်းပြင်းနေတော့၏။

ကျတော့်အသက် ခုဆို၁၄နှစ်ပြည့်တော့မည်။ခုထိ
မေမေတို့နဲ့ အတူတူအိပ်နေဆဲ။
မေမေနဲ့အိပ်မှ လုံခြုံသည်ဟုထင်သည်။ခုတော့
ဖေဖေ၏ တိုက်တွန်းမှုထက်ပိုသော တွန်းအားပေး
မှုကြောင့် ခုလို မိဝေးဖဝေးနဲ့ တောရိပ်ထဲမှာ
တစ်ခါမှ မမြင်ဖူးတဲ့လူတွေနဲ့  ဒီဇင်ဘာကျောင်း
ပိတ်ရက်တွေကို ကုန်ဆုံးရတော့ပြီ။

ဝမ်းနည်းစိတ်ကြောင့် အင့်ခနဲ ဖြစ်သွားပေမယ့်
အသံထွက်မငိုရဲ။ဖေဖေ့ကိုကြောက်တယ်။

"ကဲ နိုးနိုးဆင်းမယ်။မေကြီး မင်းသားကိုလွှတ်ပေး
လိုက်တော့"

မျက်စိပျက်မျက်နှာပျက်ဖြစ်နေသော မေမေသည်
ဖေဖေ့စကားကြောင့် မျက်နှာငယ်သွားရသည်။

"ဖေကြီး...နောက်နှစ်မှ ပို့မယ်ဆိုရင်ရော။ခုက
နိုးနိုးက?"

"ဟိုမှာတွေ့လား နိုးနိုး သားထက်ငယ်တဲ့ကလေး
တွေ။တွေ့လား ပျော်ပျော်ရွှင်ရွှင်ပဲ...ငါ့သားအဲ့လို
တွေနေမှ သူငယ်ချင်းအသစ်တွေရမှာပေါ့ကွ။
ဘုန်းဘုန်းကိုလည်း သားမြင်ဖူးတာပဲ။ဘာမှ
ကြောက်စရာမရှိဘူး။သွား ဟိုမှာစာရင်းပေးနေကြ
ပြီ သွားတော့"

NO Where stories live. Discover now