အပိုင်း ၃၆

62.5K 6.1K 231
                                    

Coffeeဆိုင်လေးသည် နေရောင်နွေးနွေး
အောက် တိတ်ဆိတ်နေ၏။ မနက် ၉နာရီမှ စဖွင့်သည့်ဆိုင်မို့ စားသုံးသူကကျွန်တော်
တစ်ယောက်တည်း။
ဘာမှ အဆင်သင့်မဖြစ်သေးသော ဆိုင်လေးတွင်း
ရေနွေးဖြင့် ဖန်ခွက်တွေ ကော်ဖီခွက်တွေကို ပေါင်းခံထည့်ပြီးမှ ကျွန်တော်မှာထားသော Black Coffee တစ်ခွက်လာချသည်။
တစ်ညလုံး အိပ်မပျော်သည့်ဒဏ်သည် သံပရာညှစ်ထည့်ထားသော Black coffee ခါးခါးနှင့်မလုံလောက်
မျက်လုံးတို့ကျိန်းစက်နေသေး၏။ မှန်ပြတင်း
အပြင်ဖက်ရှိ ပိတောက်ပင်ပျိုလေးရှိသောလမ်း
သွယ်လေးက တိတ်တိတ်ဆိတ်ဆိတ်။

အခုန်မြန်နေသော ရင်ကို ဖိထားရသည်။ ဒီရက်
ပိုင်းတွင်း အစားအသောက် မမှန်တာတွေ အိပ်
ပျက်ညတွေများနေသည်ထိ Balck Coffee
နှစ်ငုံလောက်နဲ့ ကတုန်ကယင်ဖြစ်နေသည်။
လက်မှ လက်ပတ်နာရီကို မြှောက်ကြည့်ပြီးတာ
တောင် အားမရစွာ ဖုန်းကို ဖွင့်ကြည့်မိပြန်ပြီ်။
တကယ်တမ်းကျ...
Digital ကိန်းဂဏာန်းတွေထက်
လင်းလင်းလက်လက်ပြုံးနေသော ကလေးကို
သာ ကြည့်မိ၏်။

ဟောလို့ပြောလို့ ကောင်းအောင်ဆိုပြီး ချိန်း
သည့်ချိန်ထက် ၁၅ မိနစ်စောကာ ရောက်လာ
တတ်သော ကောင်လေးသည် ခုတော့ဖြင့်၁၅
မိနစ်မက နောက်ကျနေသည်။

ဆက်ကြားဆက်ကြား ကြွေကျနေသော ရော်ရွက်ဝါတွေကြည့်ရင်း မုန့်မပေးချင်လို့
လက်ပတ်ကြိုးလေးပတ်ပေးခဲ့
တဲ့ ကလေးတစ်ယောက်အား နှစ်ချီ
စွဲလမ်းကြွေဆင်းချခဲ့ရတဲ့ ကိုယ့်အဖြစ်ကို ပြန်တွေးကြည့်မိပြန်သည်။
မြေခသွားတဲ့ ရော်ရွက်ဝါတွေလို ကိုယ်လည်း
မင်းရှေ့ မြေခခဲ့ရတာပဲ နိုးဝေ...
မြေခခဲ့တဲ့ ကိုယ့်ကို မြေတော့ မမြှုပ်လောက်ဘူး
မလား?

>>>>>NO<<<<<

စိုနေသော ဆံပင်စတွေအား Dryerနဲ့ မှုတ်ပေး
နေသော မေမေ့ရှေ့ ထိုင်နေမိသည်။ ခေါင်းထဲ
ဇာတ်လမ်းတစ်ပုဒ်ဖန်တီးသည့်ပမာ ဒိုင်ယာလော့
တွေ စီနေမိသည်။ ကိုယ်စီစဉ်ထားသည့် စကားလုံးတိုင်းသည် ချွန်မြမြဓားသွားပေါ် တင်
ထားသည့်အလား ရင်တွင်းတစ်နေရာကို နာကျင်
စေသည်။
Dryer လေးပူတွေကို ဦးရေပြားထိတိုင် ခံစားမိ
ပေမယ့်ရင်ထဲက အပူက သက်ပြင်းဘယ်လောက်
ချချကျဆင်းမသွား။
ဒီနေ့ အကြောင်း မိသားစုများကို ဖွင့်ဟ
ခွင့်တောင်းတော့ တစ်ခါမှ မရခဲ့ဖူးသော လိုလား
ခြင်းတွေ ဖောဖောသီသီ ပြန်ရသည်။
မေမေကတော့ မျက်နှာကောင်းမလာခဲ့သေးပါ။

NO Where stories live. Discover now