အပိုင်း(၂၈)

77.1K 6.8K 193
                                    

"ငါတို့ နိုး က မတွေ့တာ ကြာလို့ ပိုများချော
လာသလားလို့"

"အေးပေါ့ဟာ...ကို့ လက်ထဲရောက်လာတော့
လည်း ရုပ်ထွက်လှအောင် ဆင်ရပြင်ပေး
ရတာပေါ့"

"စနိုက်ကြော်မ"

ဖြိုးကြီးပြောလည်း ပြော မေလေးကိုလည်း တစ်
ချက်ရိုက်ဖြစ်အောင်ရိုက်သည်။ ထိုအခါ ချွဲ ပါရဂူ
ဒေါ်မေလေးသည် ကျွန်တော့် လက်မောင်းလက်
ဖက် လာချိတ်ပြီး

"ကို သဲကို မိန်းမကြမ်းကြီး အနိုင်ကျင့်နေတယ်
ပြောဦးလေ ဟင့်" ဟူ၍ တရော်ကင်ပွန်း
မူရာတော်ဖြင့် ချွဲသည်။

"နေကြပါဟာ နင်တို့ကလည်း ငါ့တွေ့တာနဲ့..."

"ဟင့် ခုတော့ အဲ့လိုစိမ်းကားပြီပေါ့"

"အေးပေါ့ဟာ အချစ်သစ်တွေ့တော့လည်း ငါတို့
ကို မေ့တာပေါ့"

မေလေးနှင့် ဖြိုးကြီးကို မျက်လုံးပြူး၍ ပြန်ကြည့်
ရသည်။ ကျွန်တော် နှင့် Bro ကိစ္စ ကျွန်တော်တို့
ကာယကံရှင် နှစ်ယောက်မှ လွဲ၍ ဘယ်သူမှ မသိ
သေးပါ။

ဖြိုးကြီးသည် ထုံးစံအတိုင်း စကားအတည်ပြော
မယ်ဆို ဖြစ်သွားတတ်သော မျက်နှာထားနှင့်ပင်

"နိုး...အနေဝေးသွားလို့ သွေးအေးသွားကြတာ
တော့ မဟုတ်ဘူးနော်။ ဘော်ဒါရင်းတွေကြားမှာ
personal ဆိုတာကို အကုန်ပြောရမယ်လို့
တော့ ငါမဆိုလိုဘူး။ ဒါပေမယ့် ဘော်ဒါရင်းတွေ
ကိုတောင် မသိစေချင်လို့ ဖုံးကွယ်ထားရတယ်
ဆိုတည်းက ကိုယ် လုပ်နေတဲ့ အလုပ်အပေါ်
ကိုယ့်ကိုကိုယ် မှန်နေတယ်လို့ မခံယူနိုင်သေးလို့
ပဲ။ ငါကတော့ နင့်ကို အဲ့လိုမျိုးမဖြစ်စေချင်တာ"

"ငါက ဘာအမှားတွေ လုပ်နေလို့လဲဟ"

"မလုပ်ဘူး လုပ်တယ် ဆိုတာ နင်ကိုယ်တိုင်ပဲ သိ
မှာ။ နင် မှန်တယ်ထင်ရင် မှန်တယ်ပေါ့။ မှန်ကန်
ခြင်းက ရဲရင့်စေတယ်လေ"

ဖြိုးကြီးတစ်ချက်ပြုံးပြီး စကားစဖြတ်သည်။ အအေးတစ်ငုံသောက်ပြီး Choco cakeကို
အထစ်ထစ်ဖဲ့ချပြီးစားသည်။ အစက စကားအပြိုင်
ပြောမည် တေးသော်လည်း ဖြိုးကြီး၏ အေးဆေး
သွားသော အမူအရာကြောင့် ကျွန်တော်လည်း
ငြိမ်ချက်သား ကောင်းရတော့၏။

NO Where stories live. Discover now