NO

60.9K 3.2K 114
                                    

ကလေးလေး နိုး ကို ဆိုင်တွေပေါ်မှာ မြင်ချင်
လားဟင်?

ကိုယ်တော့ မြင်ချင်တယ်။ အားလုံးတွေ့နိုင်အောင်
လည်း ကိုယ်ကြိုးစားနေပါတယ်။ ကိုယ်အစတည်း
က ပြောခဲ့သလို ဒါဟာ ရှေ့ဇာတ်လမ်းတွေ
အတွက် နာကျင်ပင်ပန်းနေတဲ့ ကိုယ့်စာဖတ်သူ
တွေအတွက် ကုစားချက်လေးတစ်ခုဖြစ်ပါတယ်။
နောက်ပြီး ကိုယ်ပေးနိုင်တဲ့  ဖြူစင်မှုလေးတစ်ခုပါ

ကလေး နဲ့ ကိုခန့်ရဲ့ ဖြူစင်မှုကို လူအများရှေ့
မှာ ကိုယ်ချပြရဲတယ်။ စာအုပ်ကို တွေ့တဲ့ လူတိုင်း
ဟာ LGBTအပေါ် နည်းနည်းလေးပဲဖြစ်ဖြစ်
အမြင်ပြောင်းလဲလာနိုင်မယ်လို့ ကိုယ်ထင်တယ်။
သူတို့ထင်သလိုမဟုတ်ဘူးဆိုတာကို ကိုယ်လေ
သိပ်သိစေချင်တယ်။ ဒီမှာ Come out လုပ်
ထားရတဲ့ ယောကျာ်းလေးတစ်ယောက်ရဲ့ ဘဝ
ကိုလည်း ပြထားနိုင်လို့ လူ့အသိုင်းအဝိုင်းမှာ
come out လုပ်ထားတဲ့ လူတွေအတွက် အ
ထောက်အကူ နားလည်မှုလေးတစ်ခုရသွားမယ်
လို့လည်း ကိုယ်ယုံတယ်။ နောက်ပြီး ကလေးလေး
ကလေးလေး မိဘတွေနဲ့ နားလည်မှုယူတဲ့နေရာ
တွေဆိုရင်လည်း အပြင်က ကလေးလေးတွေ
အတွက် အားတစ်ခုဖြစ်စေမယ်လို့ကိုယ်ထင်တဲ့
အတွက် ကလေးလေးကို အများရှေ့ ရောက်
အောက် ပို့ပေးချင်တယ်။ ဒီ့အတွက် ကိုယ့်ရဲ့
Baby အကိတ်ကို ရင်းနှီးခဲ့ရတယ်။ Baby
လေးတုန်းက ကိုယ် Publishing house
နဲ့ ထုတ်ဖို့ ငွေကြေး မတတ်နိုင်ခဲ့ဘူး။ ဆယ်ချီ
သိန်းဂဏာန်းတစ်ခုအတွက် ကိုယ်မမှီခဲ့ပါဘူး
ခုတော့ Baby လေးကြောင့် ကလေးလေးနိုး
ကို တော့ ထုတ်ပေးနိုင်သွားခဲ့ပြီ။ ဒါပေမယ့်
ကိုယ်တစ်ယောက်တည်းအားနဲ့ မရပါဘူး။
စာဖတ်သူတွေရဲ့ အားပေးမှုတွေ ကိုယ်အများကြီး
အများကြီး လိုအပ်နေပါတယ်။ စာဖတ်သူတွေ
ဖိတ်ခေါ်ပေးမှ ကလေးလေးကို အပြင်က
လူတွေပါ နားလည်ပေးပြီး ချစ်လာအောင် လုပ်
ပေးနိုင်မှာပါ။ ဒါကြောင့် ကိုယ် အခု Facebook
က ကိုယ့် Acc Hsu Myat Kyawမှာ
votingခေါ်ထားပါတယ်။ ကလေးလေးကို
စောင့်ကြိုနေပေးမယ့် လူတွေ ဘယ်လောက်ရှိလဲ
ဆိုတာ Publishing Houseကို ပြနိုင်ရင်
ကိုယ်တို့ ကလေးလေးကို ဆိုင်တွေမှာ အလှဆုံး
ဖြစ်အောင် ထားနိုင်မှာပါ။ ဒါကြောင့် ကလေး
လေးကို သိမ်းထားချင်တယ်ဆိုရင် Facebook
က Poll postမှာ Voteပေးကြပါနော်။
ကိုယ် အသက်သာဆုံးဈေးနှုန်းဖြစ်အောင်လည်း
ကြိုးစားနေပါတယ်။ ဒီတစ်ခါ ကိုယ်ရတဲ့ အမြတ်
ငွေတွေကိုလည်း ကိုယ့်ကိုယ်ကျိုးအတွက် အကုန်
မသုံးပါဘူး။ လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းပေး
ချင်ပါသေးတယ်။

ကလေးလေးသာ အဆင်ပြေသွားရင် နောက်မှာ
ညီ ကိုလည်း ပြန်ထုတ်နိုင်မှာပါ။ ဒါကြောင့်
စာဖတ်သူတွေက ကလေးလေးကို ကြိုဆိုပေး
နိုင်သလောက်ကြိုဆိုပေးပါလို့ ဒီနေရာကနေ
ကိုယ် မေတ္တာရပ်ခံပါတယ်။ ကိုယ် Publishing Houseနဲ့ ဆွေးနွေးပြီးတာနဲ့
ကိုယ့် pageမှာပဲ Pre orderစကောက်မှာပါ
ဈေးနှုန်းလည်း အတိအကျထုတ်ပေးမှာပါ။
စိတ်ချပါ ၄၀၀၀ထက် မကျော်အောင် ကိုယ်ကြိုး
စားနေပါတယ်နော်

အားလုံးချစ်ပေးကြလို့ ကျေးဇူးများကြီးတင်ပါ
တယ်

NO Where stories live. Discover now