အပိုင်း ( ၃၂ )

60.7K 6.5K 381
                                    

"ဒါ ဘာလုပ်နေတာလဲ သော်တာနိုးဝေ"

စူးစူးစိုက်စိုက်ကြည့်နေသော မျက်ဝန်းတို့သည်
ကလေးဆီမှာသာ...
ကလေးတစ်ယောက် ယောင်ယောင်မှားမှားဖြင့်
မတ်တပ်ထရပ်သည်။

"ငါ မေးနေတယ်လေ သော်တာနိုးဝေ...မင်း
ဒီမှာ ဘာလုပ်နေတာလဲ?"

"ငါ...လိုက်ပို့တာ တာရာ။ နိုးဝေ အလုပ်ခွင်ထဲ
မဝင်ရသေးခင် စိတ်ပြေလက်ပျောက်..."

ဝင်ပြောသော ကျွန်တော့်ကို တစ်ချက်မျှပင် လှည့်
မကြည့်။ ရှိနေတယ် ဟူ၍ ပင် မထင်သည့်ပုံ။
လျစ်လျူရှုခြင်းက အခံရခက်ဆုံး ပြစ်ဒဏ်ပဲ။

"ဒီကို လာတာ အိမ်ကို ပြောခဲ့လား?"

"မေမေတို့ သိတယ်"

စစတွေ့ချင်း ဆက်ခနဲ တုန်သွားသော
ကလေးသည် အခုအခါတွင်တော့
တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောနေ၏။

"အခု မင်းတည်းနေတဲ့ နေရာကိုပြန်။ တစ်နာရီအတွင်း ကားဂိတ်မှာ တွေ့မယ်"

"တာရာ...ငါ ရှင်းပြမယ်။"

"သော်တာနိုးဝေ ဘာလုပ်နေတာလဲ? မင်း ကို
အခုချက်ချင်းhotelကို  ပြန်လို့ ပြောနေ
တယ်လေ"

"Bro...ပြန်ရအောင်"

ကလေးအသံ ခပ်တိုးတိုး။ ဇွဲမလျှော့ပဲ ရှင်းပြရန်
ကြိုးစားနေသော ကျွန်တော့်လက်ကို ဆွဲကာ
တာရာ့ကို ရှောင်ရင်း ရှေ့မှ ဦးဆောင်သွား၏။
တာရာသည်ကား ကျွန်တော့်ကို သူမမြင်ရသော
ဝိညာဉ်တစ်ခုကဲ့သို့ ပြုမူ၏။

ကလေး၏လက်ဖဝါးနုနုမှ ချွေးစေးတို့ကို...ခံစားမိနေသည်။
ဘယ်လောက် စိတ်လှုပ်ရှားနေပါစေ။ အစ်ကို့ရှေ့
ဣနြေ္ဒတစ်ချက်မပျက်။ ကလေးသည် ကျွန်တော့်
အပေါ်ဆိုးခဲ့သော ဂျစ်ကျခဲ့သော နိုးဝေ မဟုတ်
သလို တည်ငြိမ်လွန်းလှသည်။

အခန်းပြန်ရောက်သည်နှင့် ပစ္စည်းတွေ ကမန်းကတမ်း ထည့်နေသည်။

"ရတယ် ကလေး။ ဖြည်းဖြည်းလုပ်...ကျန်ခဲ့
လည်း ကိုယ် ပြန်ယူလာခဲ့ပေးမယ်"

"တစ်နာရီအတွင်း ရောက်မှဖြစ်မယ်။ အာ...ဒါ ကိုကြီးကို ကြောက်လို့တော့ မဟုတ်ဘူးနော်။
အကြီးပြောတာကို လေးစားတဲ့အနေနဲ့ ရောက်
အောင်သွားပေးတာ"

NO Where stories live. Discover now