အပိုင်း ၂၇

67.9K 7.3K 514
                                    

ဖက်ထားသော လက်တွေအောက် ငြိမ်ငြိမ်သက်
သက် လိုက်လာပေးသည်။ မေးလည်းမမေး။
အမှန်တော့ မေးစေချင်တယ်။ ကျွန်တော့်ထက်
အရင်တွေ့တာလား? Broက ကြိုက်နေတာ
မလား? စသည်ဖြင့် ပြဿနာတွေမျိုးစုံရှာစေချင်
တာ။ စူပုတ်ကောက်ခြစ်ပြီးရစ်နေတဲ့ ရစ်လုံးလေး
ကို ခခယယချော့ချင်တာ။ ကျွန်တော့်အတွက် သူ
တစ်ယောက်တည်း ရှိတာရယ် လို့ ချိုချိုမြိန်မြိန်
ချော့ကြည့်ချင်တာ။

သို့သော် ခုတော့ ထိုသို့မဟုတ်။ စိတ်ကောက်နေ
မကျေလည်သည့် ပုံ လုံးဝမရှိ။ ကြည်လင်နေတာ
မျိုးလည်း မဟုတ်ပေမယ့် အေးဆေးတည်ငြိမ်နေ
လိုက်တာ ဗျာ။

"Taxi စီးမလား ကလေး"

"မစီးဘူး။ Bro ပါနေတာပဲ လိုင်းကားပဲ စီးမယ်။"

နောက်ဆုံးကျကျခုံ၏ window seatတွင်
နေရာပေးထားတော့ အပြင်ဖက် မီးရောင်စုံညကို
တိတ်တိတ်ငေးသည်။ ကျောပိုးအိတ်နီရဲရဲပေါ်တင်
ထားသော လက်ဖွေးဖွေးသွယ်သွယ်တို့ကို ခပ်ဖွဖွ
အုပ်ကိုင်တော့လည်း မရုန်းမဖယ်၊ မငြင်းမဆန်။
လူခြေတိတ်ချိန်မဟုတ်ပေမယ့် ရုံးဆင်းချိန်ကျော်
ကာလရယ်မို့ YBS ၏ အေးစိမ့်စိမ့်လေထုကို
ဝေမျှနေရသူက ၅ ယောက်၆ယောက်လောက်သာ
ရှိနေတာကြောင့်လားတော့ မသိပါ။

နောက်ဆုံး တိတ်ဆိတ်ခြင်းက စိုးထိတ်ခြင်းကို
ဆောင်ယူကြဉ်းနေတော့  ထုတ်မေးရသည့်အဆင့်
ကို ကျွန်တော်ဖြတ်ကျော်ရတော့၏။

"ဘာဖြစ်လို့လဲ ကလေး"

ချက်ချင်းမကြား။ ကျွန်တော့်နားရှိနေပေမယ့် စိတ်
လိပ်ပြာသည် ဘယ်ဆီဘယ်နား ဝဲနေပါသနည်း။

"ကလေး~~"

"အင်~~"

ထိုသောခါမှ သတိဝင်လာသည်နှင့်အတူ
ကျွန်တော့်လက်အောက်မှ လက်ဖမိုးတော် နုနုကို
လည်း အလိမ်မာသုံး၍ ရှောင်ထွက်သည်။

"ကလေး ဘာဖြစ်နေလို့လဲ? ငြိမ်နေတော့ ကို
စိတ်ပူလာတယ်"

"ဒီအတိုင်း တွေးစရာရှိနေလို့..."

ခပ်တိုးတိုးနှင့် မပွင့်တပွင့်။

"ကို့ ကို စိတ်ဆိုးနေတာလား?"

NO Where stories live. Discover now