Ending Part 1

72.9K 6.4K 424
                                    

"ဒီရက်ပိုင်းတွင်း နေရတာ အဆင်ပြေလား
နိုးဝေ။ ကိုယ်ပို့ပေးတာတွေ မစားဘူးလား?
ပိန်သွားတယ်"

ပြောနေသူက ကျွန်တော့်ထက် အခြေအနေဆိုး
နေတာ ကိုယ်တိုင်မသိသည့်ပုံပင်
ကော်ဖီခွက်ကိုင်ထားသော လက်များကို စားပွဲ
အောက်ပို့ထားပြီး ခပ်တင်းတင်းဆုပ်နယ်အား
တင်းသည့်ကြားမှ ထွက်လာသော ချွေးစေးတွေ

"ကျွန်တော်...ဒီနေ့ တွေ့ဖို့ ခေါ်တာ...Bro
မဟုတ်ဘူး...အစ်ကို့ ကို နှုတ်...ဆက်...ချင်လို့"

အားတင်းထားခဲ့တာတွေက အလကားပါပဲလား
ခုချိန်ထိ Bro ဆိုသည့် ကျွန်တော်သတ်မှတ်ထား
သော နာမပဲ နှုတ်ထွက်ဆိုနေဆဲပဲလား?
မိန်းကလေးမဟုတ်သည့် အတွက် ကို တွေ
မောင် တွေ ခေါ်လို့မသင့်၍ သူ့အတွက်
ကျွန်တော် သတ်မှတ်ထားသော ဤနာမ။
အဓိပ္ပါယ်သည် အတူတူပဲရယ်လို့ သတ်မှတ်ထား
၍ သူ့အား ဘယ်သောအခါမှ ထုတ်မပြောဖြစ်ပေ
မယ့် ကိုယ့်စောင့်နတ်နဲ့ ကျွန်တော်နားလည်ထား
သော လျှို့ဝှက်ချက်မို့ လိပ်ပြာအထိ ရှက်နေ
တတ်သေး၏။

"ကလေး...ကလေး ကို ဘယ်ပို့ကြမလို့လဲ?
ဒါမှမဟုတ်... နယ် ကို တာဝန်ကျလို့လား?"

ကျွန်တော် တအား သိသာလွန်းနေပြီလား?
လမ်းခွဲချင်လို့ ဟူ၍ ထွက်လာရမယ့် အစား
နှုတ်ဆက်ချင်လို့ ဆိုတဲ့ စကား နဲ့ ကျွန်တော့်ရဲ့
မုသားမပိုင်နိုင်မကျွမ်းကျင်တဲ့ မျက်လုံးတွေ
ကြောင့် အခုလို ပိုခက်ခဲကုန်တာ။

"မဟုတ်ဘူး။ ကျွန်တော် ခင်ဗျားနဲ့ လမ်းခွဲချင်
တာ"

ခပ်မြန်မြန်ပဲ ပြောချလိုက်ရတော့၏။ တမြေ့မြေ့
မခံစားစေချင်ဘူး။
ဝိုင်းစက်သွားသော မျက်လုံးတွေ။ စိတ်မလုံစွာ
အကြည့်မလွှဲရဲ။ ခပ်တည်တည်မဟုတ်သင့်တိုင်
အားတင်း စိုက်ကြည့်ပစ်လိုက်သည်။
ထုံနေပြီဖြစ်သော နာကျင်မှုတွေသည် တဆစ်ဆစ်နှင့်
နှုတ်ခမ်းလွှာနှစ်ခု မပွင့်တပွင့်။ ရုတ်တရက် တို့ဆေးမိသွားသူ ပမာ သူကြောင်တောင်တောင်
ဖြစ်နေ၏။ ရင်နာစရာကောင်းလောက်အောင်
ပရိတ်ကြီုးနီ ချည်ထားသော လက်နှင့်ပင် ဘယ်
ဖက် ရင်ခွင်ကိုဖိနေသေး၏။

"အစ်ကိုနဲ့ ဘယ်လိုမှ...ရှေ့ဆက်လို့...မဖြစ်"

"ခဏ...ခဏလေး နိုးဝေ။ ကို့ ကို ခဏ...
ခဏလောက်...အချိန်...ပေး"

NO Where stories live. Discover now